menu-iconlogo
huatong
huatong
k-k-moe--cover-image

ကျွန်မ

K K Moehuatong
renevega_starhuatong
Lyrics
Recordings
သီချင်း - ကျွန်မ

တေးဆို - ကေကေမိုး

ကျွန်မက မှောင်နေတဲ့အခန်းငယ်

ကျွန်မက ဒဏ်ရာတွေအပြည့်နဲ့

ကျွန်မကိုလမ်းပြမဲ့သူမရှိပေမဲ့

လမ်းလေးခင်းထားတယ်

ကျွန်မကအိန္ဒြေတွေမဲ့တယ်

ကျွန်မကငွေတွေမက်ဖူးတယ်

ကျွန်မမှာချစ်ရမဲ့သူမရှိပေမဲ့ အသည်းလဲကွဲဖူးတယ်

ကျွန်မရဲ့အသည်း အကုန်ဒဏ်ရာတွေနဲ့ပြည့်နေတယ်

လူတွေမသိတဲ့လမ်းရဲ့ ထောင့်လေးထဲမှာ

ကြိတ်ငိုခဲ့ဖူးတယ်

ကျွန်မရင်ထဲ နာကျင်စရာတွေလည်း ရှိပါတယ်

ကျွန်မကြောင့် အနှောက်အယှက်ဖြစ်သွားတဲ့

သိပ်ချစ်ရတဲ့သူလဲ ရှိတယ်

ကျွန်မကထင်ရာစိုင်းတဲ့ ကျွန်မကလူမြင်ရိုင်းတဲ့

ကျွန်မကိုဖေးမမဲ့သူမရှိပေမဲ့ ကဲ့ရဲ့တတ်ကြတယ်

ကျွန်မက အိန္ဒြေတွေမဲ့တယ်

ကျွန်မက ငွေတွေမက်ဖူးတယ်

ကျွန်မမှာချစ်ရမဲ့သူမရှိပေမဲ့ အသည်းလဲကွဲဖူးတယ်

ကျွန်မရဲ့အသည်း .... အိုး ဟိုး ...

အမှောင်ထုတွေကြားထဲ

တစ်ယောက်ထဲလျှောက်မသွားနဲ့

အို စိတ်ပူမဲ့သူမရှိတဲ့ဘဝထဲ

ဖြစ်ချင်တာတွေဖြစ်ခွင့်ရှိတယ်

ကျွန်မရဲ့အသည်း အကုန်ဒဏ်ရာတွေနဲ့ပြည့်နေတယ်

လူတွေမသိတဲ့အခန်းရဲ့ ထောင့်လေးထဲမှာ

ကြိတ်ငိုခဲ့ဖူးတယ် ဟိုး ....

ကျွန်မရဲ့အသည်း အကုန်ဒဏ်ရာတွေနဲ့ပြည့်နေတယ်

လူတွေမသိတဲ့အခန်းရဲ့ ထောင့်လေးထဲမှာ

ကြိတ်ငိုခဲ့ဖူးတယ်

ကျွန်မရင်ထဲ နာကျင်စရာတွေလည်း ရှိပါတယ်

ကျွန်မကြောင့် အနှောက်အယှက်ဖြစ်သွားတဲ့

သိပ်ချစ်ရတဲ့သူလဲ ရှိတယ်

ကျွန်မကြောင့် အနှောက်အယှက်ဖြစ်သွားတဲ့

သိပ်ချစ်ရတဲ့သူလဲ .. ရှိဖူးတယ်

More From K K Moe

See alllogo