သီချင်း - မျောလွင့်နေတဲ့တိမ်
တေးဆို - ကောင်းမြတ်
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီ မိုးများ
ရွာနေတုန်း ငါ...
ဟွန်း... မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး
ချစ်တတ်တဲ့ငါတော့ရူးပြီ...
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါ ချမ်းလို ့
ဟူး... မှားယွင်းတဲ့လမ်းတွေမှာ သွားတုန်းမှာငါပျော်ခဲ့
အားလုံးနဲ ့ငါကေ၀းပြီ...
အေးစက်လွန်းတဲ့အလွမ်းတွေက
မိုးညတစ်ညကို ခြုံလွှမ်းထား
အချစ်ကဘေးနားမရှိတော့ဘူး
အရာရာပျက်သုန်းခဲ့ပြီအခု
အမှောင်ချိန်တွေမှာ တယောက်သောလူ
ဘယ်လိုနေမယ်သူမတွေးဘဲ အငြှိုးဖွဲ့တဲ့ဒီမိုးရယ်
မိုးတွေရွာတုန်းမှာ နားခိုစရာဟာတကယ် မဲ့လို ့
ငါ တစ်ယောက်တည်း လျှောက်တဲ့ လမ်းများဟာ
မှားယွင်းတဲ့လမ်းတွေမှာ သွားတုန်းမှာငါပျော်ခဲ့
ရုန်းထွက်ဖို့တကယ်ခက်ခဲ လွဲမှားတဲ့ဘ၀ကြီးကို
သိခဲ့ရ နောက်မှလည်း အမှားများပြန်ပြင်တုန်းမှာ
အားလုံးနဲ ့ငါကေ၀းပြီ…
နာကျင်သူကိုမှမိုးရယ် မစာနာမညှာတာသူအငြှိုးဖွဲ့
သည်းလွန်းကာ သူရက်စက်တယ်
မိုးညတစ်ညဟာထစ်ချုန်းခဲ့
ကမ္ဘာမြေပေါ်ငါတစ်ယောက်တည်းနဲ့
လမ်းများကမှောင်လွန်းချိန်
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါ ချမ်းလို့
ဟူး... မိုးသည်းတဲ့ညတွေမှာ
သီချင်းတစ်ပုဒ်ကိုဆိုလို့ညည်း
အရှုံးများအတွက် လောင်တဲ့မီး
ငြိမ်းသတ်ဖို့ခက်နေသူ လမ်းပြပါ ကြယ်လေးရယ်
၀မ်းနည်းစွာအမှောင်ထုအလယ်
အလွမ်းများနဲ့ လောင်ကျွမ်းခဲ့သူ...
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါ ချမ်းလို့
ဟွန်း... မိုးသည်းတဲ့ညတွေမှာ တမ်းတနေတစ်ညလုံး
ချစ်တတ်တဲ့ငါတော့ရူးပြီ…
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီမိုးများ
ရွာနေတုန်း ငါ ချမ်းလို့...
ဟွန်း... မှားယွင်းတဲ့လမ်းတွေမှာ သွားတုန်းမှာ ငါပျော်ခဲ့
အားလုံးနဲ ့ငါကေ၀းပြီ…
မျောလွင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ဒီ မိုးညမှာ
ငါဘယ်ကိုသွားမလဲ...