အချစ်မျက်ဝန်း
တေးရေး L လွန်းဝါ
အကြိမ်ကြိမ် ရင်ခုန်မိသော
မင်းမျက်ဝန်း
အာရုံ မှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
မင်းရဲ့.. မင်းရဲ့.. အချစ်မျက်ဝန်း
ကျိန်စာလား ရပ်မသွားတဲ့
ခံစားချက်ပေါင်းများစွာနဲ့
စူးရှတဲ့ မျက်ဝန်း တစ်စုံ မင်းချန်ခဲ့
မူမပိုင်တဲ့ မျက်ဝန်း အတွက်
ကြိတ်ပီး ရူးခဲ့ရပေမဲ့
နုတ်ဆက်မဲ့ ဒီနုတ်ခမ်းတွေ
တွေးပူနေ ..
ဟန်မဆောင်တဲ့ အချစ်တွေနဲ့
ရင်ထဲက စောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ချင်ပေမဲ့
မသေချာခဲ့ အချစ်တွေနဲ့
ပစ်သွားမလား စိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ပြောနေမိခဲ့
အကြိမ်ကြိမ် ရင်ခုန်မိသော
မင်းမျက်ဝန်း
အာရုံ မှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
နေ့တွေညတွေ မှားသွားလဲ
ချိုမြိန် သာယာလေသော
မင်းမျက်ဝန်း
ရင်မှာနှောင်ကြိုးဖွဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း..
ဘယ်လောက်ပဲ တို့ဝေးပါစေ
တစ်ချက်လေး စောင်းငဲ့ကြည့်ရုံနဲ့
မျက်ခုံးအပင့်မှာ
ဒီအလွမ်းတွေ ပုန်းကွယ်နေ
ချိုမြိန်တဲ့ ချစ်စကားတွေ
ဘယ်လိုပဲ ခဏခဏ ပြောချင်လည်း
မင်းရှေ့မှာ အတောင်ကျိုးတဲ့ ငှက်လိုပဲ
ဟန်မဆောင်တဲ့ အချစ်တွေနဲ့
ရင်ထဲက စောင့်မျှော်ခဲ့
ဖွင့်ပြောခဲ့ချင်ပေမဲ့ မသေချာတဲ့
အချစ်တွေနဲ့ ပစ်သွားမလားစိုးရိမ်ခဲ့
မျက်ဝန်းနဲ့ ပြောနေမိခဲ့ ..
အကြိမ်ကြိမ် ရင်ခုန်မိသော
မင်းမျက်ဝန်း
အာရုံ မှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
နေ့တွေညတွေ မှားသွားလဲ
ချိုမြိန် သာယာလေသော
မင်းမျက်ဝန်း
ရင်မှာနှောင်ကြိုးဖွဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့
မင်းရဲ့.. မင်းရဲ့
မျက်ဝန်းထဲက
မိုးစက်ကလေးများ မကျစေဖို့
ငါ့ရင်ထဲက ထစ်ချုန်း မိုးခြိမ်းသံကို
မင်းအတွက် တစ်သက်လုံးပဲ
သိမ်းထားမယ်..
အကြိမ်ကြိမ် ရင်ခုန်မိသော
မင်းမျက်ဝန်း
အာရုံ မှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာ မျောနေခဲ့
နေ့တွေညတွေမှားသွားလဲ
ချိုမြိန်သာယာလေသော
မင်းမျက်ဝန်း
ရင်မှာနှောင်ကြိုးဖွဲ့ မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့
မင်းရဲ့ မင်းရဲ့
အကြိမ်ကြိမ်
ရင်ခုန်မိသော မင်းမျက်ဝန်း
အာရုံမှာငြိတဲ့မျက်ဝန်း
မင်းရဲ့အကြည့်မှာမျောနေခဲ့
မင်းရဲ့..မင်းရဲ့..
အချစ်မျက်ဝန်း ..