menu-iconlogo
huatong
huatong
avatar

မအေးကိုချစ်လို့ပါ

လွှမ်းမိုး Hlawe Moehuatong
ijnebbenjihuatong
Lyrics
Recordings
မအေးကိုချစ်လို့ပါ

နွေပန်းကလေးများ တိတ်တခိုးအနမ်းနဲ့

ဝေဆာပွင့်ဖူးချိန်

ရွက်စိမ်းနုနု အချစ်ဖူးကလေးတွေ

ရှင်သန်ပေါက်ဖွားကာ

ဆန္ဒရှိတဲ့ဒို့ရဲ့အသိမှာ တနေရာစီဝေးကွာ

မမြင်လဲ လွမ်းတယ်

မအေးရယ် ချစ်လို့ပါကွယ်..

ခဲလုံးလေးထိခဲ့ဖူးတဲ့ စာသူငယ်လေးရယ်

နာကျင်ခံစားခဲ့ဖူးရင် သူလေ မှတ်ထားမယ်

ဒို့ကတော့ မေ့ပျောက်လို့သာ

အကြင်နာတွေမပျက်ကာ ဘာကြောင့်လဲဟယ်

မအေးရယ် ချစ်လို့ပါကွယ်..

မမြင်သာမခင်သာသူတွေရဲ့ကြားမှာ

ကိုယ်လေကျန်ခဲ့တောင် တမင်တကာ

ကျောခိုင်းလျှောက်လို့ လမ်းစပျောက်ကာ

လေလိုလွင့်မျောချိန် နေလိုကမ္ဘာလို

အသ်ချေ ဝေးလွန်းတဲ့မြေတစ်နေရာစီလဲလေ

ပြေးသွားကြည့်ပါ ရှာမှာပဲလေ..

စကားမပြောတတ်တဲ့ လောကကြီးကို

တိုင်ကာ မငိုတော့ပါ

ပန်းကလေးများ မလန်းတဲ့အဖြစ်ဟာ

နေရောင် မမြင်လို့ပါ

မငြိမ်းချမ်းတဲ့စကားများ ပြောကာ

အကြင်နာတွေမလျော့တာ ဘာကြောင့်လဲဟယ်

မအေးရယ် ချစ်လို့ပါကွယ်..

မမြင်သာမခင်သာသူတွေရဲ့ကြားမှာ

ကိုယ်လေကျန်ခဲ့တောင် တမင်တကာ

ကျောခိုင်းလျှောက်လို့ လမ်းစပျောက်ကာ

လေလိုလွင့်မျောချိန် နေလိုကမ္ဘာလို

အသ်ချေ ဝေးလွန်းတဲ့မြေတနေရာစီပဲလေ

ပြေးသွားကြည့်ပါ ရှာမှာပဲလေ..

စကားမပြောတတ်တဲ့ လောကကြီးကို

တိုင်ကာ မငိုတော့ပါ

ပန်းကလေးများ မလန်းတဲ့အဖြစ်ဟာ

နေရောင် မမြင်လို့ပါ

မငြိမ်းချမ်းတဲ့စကားများ ပြောကာ

အကြင်နာတွေမလျော့တာ ဘာကြောင့်လဲဟယ်

မအေးရယ် ချစ်လို့ပါကွယ်..

မအေးရယ် ချစ်လို့ပါကွယ်..

မအေးရယ် ချစ် လို့ ပါ ကွယ်...