သီချင်း - လွမ်းရေးခက်ခက်
တေးဆို - မာရဇ္ဇ
ကြိုးစားလက်လှမ်းခဲ့ တွဲခေါ်မယ်
ထားခဲ့တယ်တို့ရဲ့စေတနာတွေ
သဲထဲရေဖြည့်မှ အရိပ်တွေ့မယ်
ဖြူစင်ခဲ့တာဒီတစ်ကြိမ်မှာ အမှားပေါ့
နွမ်းဆွေးတဲ့ လွမ်းရေးမခက်လိုပြီ
မင်းဘဝအလိုပြည့်မှ တို့ပျော်မယ်
မတားရက်ပါ မငဲ့နဲ့ နေပါစေ
အရှုံးနဲ့ကံ အားကိုးမရတဲ့အခါ
ကိုယ်ဟာမင်းကို အရာရာပုံခဲ့တယ်
အလှမ်းဝေးလို့ပြေးထွက်သွားသူရယ်
ရင်ခုန်သံတွေ ဒီရေလှိုင်း …
တရွေ့ရွေ့တိုးဝှေ့ကိုယ့်ရင်မှာ
ရေးရေးတွေးမိ သိပြီလေ …
အခုတော့ နှောင်းမှမျက်ရည်ဝေ
အဆုံးသတ်ဟာ တစ်ဖက်နဲ့တစ်ဖက်နိဂုံး
အဆုံးအဖြတ်ဟာ ရက်စက်
ညင်သာအမုန်း
ရုန်းထွက်ရာ လမ်းမှမိုးစက်တွေ
ခရေပင်အရိပ်မှာအခါခါကြွေလည်းလေ
အလှမ်းဝေးတဲ့ လွမ်းရေးမခက်လိုပြီ
မင်းဘဝအလိုပြည့်မှ တို့ပျော်မယ်
မတားရက်ပါ မငဲ့နဲ့ နေပါစေ
အရှုံးနဲ့ကံ အားကိုးမရတဲ့အခါ
ကိုယ်ဟာမင်းကို အရာရာပုံခဲ့တယ်
အလှမ်းဝေးလို့ပြေးထွက်သွားသူရယ်
ရင်ခုန်သံတွေ ဒီရေလှိုင်း …
တရွေ့ရွေ့တိုးဝှေ့ကိုယ့်ရင်မှာ ……
ရေးရေးတွေးမိ သိပြီလေ …
အခုတော့နှောင်းမှ မျက်ရည်ဝေ
အဆုံးသတ်ဟာ တစ်ဖက်နဲ့တစ်ဖက်နိဂုံး
အဆုံးအဖြတ်ဟာ ရက်စက်ညင်သာအမုန်း
ရုန်းထွက်ရာ လမ်းမှ မိုးစက်တွေ
ခရေပင်ရိပ်မှာ အခါခါကြွေလည်းလေ
အလှမ်းဝေးတဲ့ လွမ်းရေးမခက်လိုပြီ
ရုန်းထွက်ရာ လမ်းမှမိုးစက်တွေ
ခရေပင်ရိပ်မှာ အခါခါကြွေလည်းလေ
အလှမ်းဝေးတဲ့ လွမ်းရေးမခက်နိူင်ပြီ