သီချင်း - ဟင်္သာတို့ရဲ့နန်းတော်ရှေ့
တေးဆို - မာရဇ္ဇ
အခင်းမြက်ကမြကော်ဇောအလား
ပန်းဖောက်ထားတဲ့ လမ်းသွယ်လေးတွေ
ခေတ်အဆက်ဆက် အရစ်တက်တဲ့ရွှေ
လိမ်းသုတ်ထားတဲ့ မင်းတို့နန်းဆောင်တွေ
ဝင်းဝါနေသော မန္တလာမြေ
အမြဲသာယာတဲ့ နန်းတော်ရှေ့
မခွဲနိုင်တော့ဘူး မပြန်ချင်ပါဘူး ဟင်္သာရေ
မင်းတို့နန်းအတွက် ဦးဆွေးဆံမြည့်
ထမ်းရွက်ဖို့အတွက်ကတိပြုပါတယ်လေ
မင်းတို့ရဲ့နန်းတွင်းရှေ့မှာ
တံခါးမှူးအဖြစ် ထမ်းခွင့်ပေးပါလေ
အရမ်းကဗျာဆန်သော ဟင်္သာရေ
ပန်းသဏ္ဍာန်ရှိသော င်္ဟသာရေ
မခွဲနိုင်တော့ဘူး မပြန်ချင်ပါဘူး ဟင်္သာရေ
ဟင်္သာတို့ရဲ့နန်းတော်ရှေ့
ဟင်္သာတို့ရဲ့နန်းတော်ရှေ့
ဟင်္သာတို့ရဲ့နန်းတော်ရှေ့မှာ
တံခါးမှူးအဖြစ်နဲ့လေ
တို့တာဝန်တွေ ထမ်းရွက်ပါရစေ
ထမ်းရွက်ပါရစေ ထမ်းရွက်ပါရစေ
ထမ်းရွက်ပါရစေဦး …………
ချစ်သော ဟင်္သာရေ
ညင်းသဲ့သဲ့မုတ်သုတ်လေအလူး
ဝါးရွက်တို့ကမြခြူသံပမာ
အဆင်းလှလှနှင်းညတစ်ညမှာ
သင်းတမြမြ ပန်းပွင့်နှင်းဆီတွေ
ဖူးဝေနေသော မန္တလာမြေ
အမြဲသာယာတဲ့ နန်းတော်ရှေ့
မခွဲနိုင်တော့ဘူး မပြန်ချင်ပါဘူး ဟင်္သာရေ
မင်းတို့နန်းအတွက်ဦးဆွေးဆံမြည့်
ထမ်းရွက်ဖို့အတွက် ကတိပြုပါတယ်လေ
မင်းတို့ရဲ့နန်းတွင်းရှေ့မှာ
တံခါးမှူးအဖြစ် ထမ်းခွင့်ပေးပါလေ
အရမ်းကဗျာဆန်သော ဟင်္သာရေ
ပန်းသဏ္ဍာန်ရှိသော င်္ဟသာရေ
မခွဲနိုင်တော့ဘူး မပြန်ချင်ပါဘူး ဟင်္သာရေ
ဟင်္သာတို့ရဲ့နန်းတော်ရှေ့
ဟင်္သာတို့ရဲ့နန်းတော်ရှေ့
ဟင်္သာတို့ရဲ့နန်းတော်ရှေ့မှာ
တံခါးမှူးအဖြစ်နဲ့လေ
တို့တာဝန်တွေ ထမ်းရွက်ပါရစေ
ထမ်းရွက်ပါရစေ ထမ်းရွက်ပါရစေ
ထမ်းရွက်ပါရစေဦး ………
ချစ်သော ဟင်္သာရေ
ဟင်္သာတို့ရဲ့နန်းတော်ရှေ့
ဟင်္သာတို့ရဲ့နန်းတော်ရှေ့
ဟင်္သာတို့ရဲ့နန်းတော်ရှေ့မှာ
တံခါးမှူးအဖြစ်နဲ့လေ
တို့တာဝန်တွေ ထမ်းရွက်ပါရစေ
ထမ်းရွက်ပါရစေ ထမ်းရွက်ပါရစေ
ထမ်းရွက်ပါရစေဦး ………
ချစ်သော ဟင်္သာရေ