menu-iconlogo
huatong
huatong
avatar

ကိုယ်ဘာစတေးရမလဲ_မျိုးကျော့မြိုင်

Myanmar Music Loverhuatong
🎖️🎶ᴶᵁᴺᴱ𝐀𝐥𝐢🅺🅾ⓉⒽⒺⓉ🎶🎖️huatong
Lyrics
Recordings
..ကိုယ်ဘာစတေးရမလဲ..

**မျိုးကျော့မြိုင်**

အ​ဝေးဆိုတဲ့ စကားတစ်ခုဖြစ်ဖို့

အဝေးကြီးဆိုတဲ့ ခရီးကိုရောက်ဖို့

ရှည်လျားလွန်းတဲ့လမ်းတွေ

စတေးရတယ်..

ဒီလိုပဲ စိမ်းလန်းတဲ့ အရိပ်တွေရှိဖို့

သစ်ရွက်ကလေးတွေ များစွာက

ပြောင်းလဲတတ်တဲ့ လောကထဲ

စတေးရတယ်..အမြဲစိမ်းလန်းဖို့..

ခံစားချက်ဆိုတဲ့ စိတ်တစ်ခုသိဖို့

တွေ့နေတဲ့ ဒီမြင်ကွင်းလေးတစ်ခုဟာ

ကိုယ့်ရင်ထဲကိုစိမ့်ဝင် စတေးရတယ်..

ဒီလိုပဲ လေပြည်ကြားက

ပြောတဲ့စကားတွေ ကာရံနဲ့

ဒီသီချင်းကလေး တစ်ပုဒ်အဖြစ်

တစ်ယောက်တည်းပဲ အချိန်တိုင်း

ခံစားခဲ့ရတယ်..

သူဘာမှ မသိဘဲ..

ဘယ်လိုလဲ..

အော် ချစ်သူလေးရယ်

မနိုးသေးခင် အိပ်မက်ထဲ

သိပ်ချစ်လွန်းတော့လည်း

အချစ်များစွာအတွက်

ကိုယ်ဘာစတေးရမလဲ..

အော် ချစ်သူလေးရယ်

မင်းအပြုံးလေးတွေ ကိုယ့်အတွေးထဲ

သိပ်ချစ်လွန်းတော့လည်း

အချစ်များစွာအတွက်

ကိုယ်ဘာစတေးရမလဲ..

.....Solo.....

အမုန်းဆိုတဲ့ စကားတစ်ခုရဖို့

ရင်ထဲက ခံစားချက်များစွာက

နာကြည်းချက်အဖြစ်နဲ့

စတေးရတယ်..

ဒီလိုပဲ အချစ်ဆိုတဲ့အရာ အမြဲခိုင်မြဲဖို့

တုန့်ပြန်ခြင်း သူ့အပြုံးလေးတွေက

ကိုယ့်ရဲ့ဘဝမျှော်လင့်ချက်အဖြစ်

စတေးရတယ်..

အချိန်တွေ ကုန်ဆုံးခဲ့ရတယ်..

ခံစားချက်ဆိုတဲ့ စိတ်တစ်ခုသိဖို့

တွေ့နေတဲ့ ဒီမြင်ကွင်းလေးတစ်ခုဟာ

ကိုယ့်ရင်ထဲကိုစိမ့်ဝင်

စတေးရတယ်..

ဒီလိုပဲ လေပြည်ကြားက

ပြောတဲ့စကားတွေ ကာရံနဲ့

ဒီသီချင်းလေး တစ်ပုဒ်အဖြစ်

တစ်ယောက်တည်းပဲ အချိန်တိုင်း

ခံစားခဲ့ရတယ်..

သူဘာမှ မသိဘဲ..

ဘယ်လိုလဲ..

အော် ချစ်သူလေးရယ်

မနိုးသေးခင် အိပ်မက်ထဲ

သိပ်ချစ်လွန်းတော့လည်း

အချစ်များစွာအတွက်

ကိုယ်ဘာစတေးရမလဲ..

အော် ချစ်သူလေးရယ်

မင်းအပြုံးတွေ ကိုယ်တွေးတိုင်း

သိပ်ချစ်လွန်းတော့လည်း

အချစ်များစွာအတွက်

ကိုယ်ဘာစတေးရမလဲ..

အော် ချစ်သူလေးရယ်

မနိုးသေးခင် အိပ်မက်ထဲ

သိပ်ချစ်လွန်းတော့လဲ

အချစ်များစွာအတွက်

ကိုယ်ဘာစတေးရမလဲ..

အော် ချစ်သူလေးရယ်

မင်းအပြုံးတွေ ကိုယ်တွေးတိုင်း

သိပ်ချစ်လွန်းတော့လည်း

အချစ်များစွာအတွက်

ကိုယ်ဘာ စ​တေးရမလဲ..

ကိုယ်ဘာ စ​တေးရမလဲ....

Thanks for all.....

..Myanmar Music Lover...

More From Myanmar Music Lover

See alllogo