menu-iconlogo
huatong
huatong
avatar

မျက်လုံးဒေါက်ထောက်ကြည့်ဦးမယ်

Myint Zu Thinhuatong
purpleannehuatong
Lyrics
Recordings
သီချင်း - မျက်လုံးဒေါက်ထောက်ကြည့်ဦးမယ်

တေးဆို - မဥ္ဇူသင်း

အသက်ကို ပေးမတဲ့

မျက်နှာချိုသွေးတဲ့ မောင်ရယ်

ဒီကချစ်အောင် သူဆွယ်

လူကတော့ အလွန်လည်

ရွှန်းရွှန်းဝေအောင် စကားတွေကကြွယ်

အမွန်းအလွန်းတွေတောင်

ပျားရည်ချတယ်

တစ်သက်တာ အကြောင်းသိသမို့

မူ မမှန်ပျက်နွယ်

တစ်မျက်နှာ ပြောင်းကြည့်မလို့

သူ ကြံရက်တယ်

ပြုံးပြရင် ကျေရမလား

မကြိုက်တာ များနေပြီကွယ်

စောဒကနဲ့ သဘောမညှိနဲ့မောင်ရယ်

ဒေါသနဲ့ ပြော ပြောမိတော့မယ်

အသက်ကို ပေးမတဲ့

မျက်နှာချိုသွေးတဲ့ မောင်ရယ်

ဒီကချစ်အောင် သူဆွယ်

လူကတော့ အလွန်လည်

ရွှန်းရွှန်းဝေအောင် စကားတွေကကြွယ်

အမွန်းအလွန်းတွေတောင်

ပျားရည်ချတယ်

တစ်သက်တာ အကြောင်းသိသမို့

မူ မမှန်ပျက် နွယ်

တစ်မျက်နှာ ပြောင်းကြည့်မလို့

သူ ကြံရက် တယ်

ပြုံးပြရင် ကျေရမလား

မကြိုက်တာ များနေပြီကွယ်

စောဒကနဲ့ သဘောမညှိနဲ့မောင်ရယ်

ဒေါသနဲ့ ပြော ပြောမိတော့မယ်

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ကွယ်

မောင်မောင်ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ်

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ကွယ်

မောင်မောင်ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ်

ရှင့်ကိုချစ်တာ မေတ္တာနဲ့

အသည်းအိမ် ကိုပါကွယ်

တစ်ဆင့်ပိုချစ်လာ သစ္စာမဲ့

စည်းစိမ် မလိုပါတယ်

မောင်အချစ် တစ်ဖက်ကူး ရင်ကွယ်

ညောင်မြစ် ဆက်မတူး ချင်တယ်

ရမ္မက်ဖုံးလို့

အချစ်သစ် ရှာချင်သေးသလားကွယ်

တစ်သက်ဆုံး

မျက်လုံး ဒေါက်ထောက်ကြည့်ဦးမယ်

မိန်းကလေးများ ရုပ်ရည်ချောရင်

အရောဝင်ချင်တဲ့ ဝါသနာထုံတယ်

ခေါ်ချင်တယ် ပြောချင်တယ်

စကားရှာမယ် အကြွားဝါထယ်

မိန်းကလေးများ ရုပ်ရည်ချောရင်

အရောဝင်ချင်တဲ့ ဝါသနာထုံတယ်

ခေါ်ချင်တယ် ပြောချင်တယ်

စကားရှာမယ် အကြွားဝါထယ်

ပူးပူးကပ်ကပ် နေချင်တယ်

သူတို့ဆိုးတော့ ဘယ်သူမကြည့်တယ်

အူတိုမျိုးတော့ လူသိတယ်

သူ့ကျောပြင်ကို ထုထုပြီးတော့

မေးစမ်းချင်ပါတယ် ချစ်မှန်းသိလို့

အခွင့်ကောင်းယူ သလား ကွယ်

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ ကွယ်

မောင်မောင် ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ်

အယောင်ဆောင် အပိုတွေ

မချွဲတတ်သူမို့ ကွယ်

မောင်မောင် ဆိုလေ

မကဲလိုက်ချင်နဲ့ တကယ်

ယောကျ်ားဆိုတာ

တည်တည်ကြည်ကြည်

ခန့်ညားရမယ်

သိက္ခာထားရမယ်

လူရိုသေအောင် နေရမယ်

ချစ်အလေ လိုက်ပါလို့

အပြစ်တွေ ဖြစ်မယ့်အစား

ဘဝအတွက်များ တိုးတက်အောင်

ကြံဆောင်ဖို့ကောင်းတယ်

မောင်အချစ် တစ်ဖက်ကူး ရင်ကွယ်

ညောင်မြစ် ဆက်မတူး ချင်တယ်

ရမ္မက်ဖုံးလို့

အချစ်သစ် ရှာချင်သေးသလားကွယ်

တစ်သက်ဆုံး

မျက်လုံး ဒေါက်ထောက်ကြည့်ဦးမယ်

More From Myint Zu Thin

See alllogo