မဝယ်ဖြစ်တဲ့ အရုပ်လေး
ငြိမ်းချမ်းကို
V1:ကိုယ်ဟာ တိမ်တွေကိုလဲ ချစ်တယ်...
ဝေးဝေးကပဲ ငေးကြည့်နေမယ်
မပိုင်ဆိုင်ရလဲ ဖြစ်တယ်...
သူပျော်တာမြင်ရုံနဲ့
အယောင်ဆောင်တိမ်တိုက်တချို့နဲ့တောင်..
ကိုယ့်အပေါ်မရွာသွန်းပေမယ့်လည်း........
နေဝင်ချိန်တွေကို ငေးကြည့်မယ်...
မပြေးခဲ့ပေမယ့် ဝေးလို့နေတယ်..
အညိုရောင် ကော်ဖီတခွက်ရယ်.....
အငိုရောင် နွေအိပ်မက်....ရယ်..
ကိုယ်မဝယ်နိုင်ခဲ့တဲ့အရုပ်တရုပ်ရဲ့နဘေးနားမယ်...
မပိုင်ဆိုင်လဲ ဖြစ်တယ်.
Pre:ကိုယ်ဟာရပ်တန့်ငေးမောခြင်းမှာ နေသားတကျ
တချို့အိပ်မက်တွေဟာ မြင့်လွန်းသလား
တွေဝေခြင်းနဲ့ မင်းကို ကိုယ်ငေးရင်း......
မပြိုင်ဆိုင်ဖူးပဲ ရှုံးတဲ့အရှုံးမှာ
နေသားတကျ
မြှားချက်တို့ဟာ ကုန်နှင့်ကာ
အရင်နေရာမှာအရင်အတိုင်း အဝေးမှာ......
CHO:မလှမ်းရက်ခဲ့တဲ့ ပန်းခက်လေးရယ်...
မပိုင်ဆိုင်နိုင်မှန်းလဲ သိတယ်..
လိုချင်ပေမယ့်မဝယ်ဖြစ်တဲ့ အရုပ်တရုပ်ရှိတယ်.
?
V2:ငွေရောင်ကြယ်တွေကိုလဲ ချစ်တယ်...
ခပ်လှမ်းလှမ်းကပဲ မှန်းကြည့်နေမယ်
မကြွေလာမှာလဲ သိတယ်..
တကိုယ်စာ ငိုလာသမျှ....ရယ်...
အရောင်စုံလင်ပြီး တောက်ပမယ့်မင်းအလင်းဝယ်
ကိုယ်ဟာ ငေးကြည့်မယ်........
Pre:ကိုယ်ဟာရပ်တန့်ငေးမောခြင်းမှာ နေသားတကျ
တချို့အိပ်မက်တွေဟာ မြင့်လွန်းသလား
တွေဝေခြင်းနဲ့ မင်းကို ကိုယ်ငေးရင်း......
မပြိုင်ဆိုင်ဖူးပဲ ရှုံးတဲ့အရှုံးမှာ
နေသားတကျ
မြှားချက်တို့ဟာ ကုန်နှင့်ကာ
အရင်နေရာမှာ အရင်အတိုင်း အဝေးမှာ......
CHO:မလှမ်းရက်ခဲ့တဲ့ ပန်းခက်လေးရယ်...
မပိုင်ဆိုင်နိုင်မှန်းလဲ သိတယ်..
လိုချင်ပေမယ့်မဝယ်ဖြစ်တဲ့ အရုပ်တရုပ်ရှိတယ်
Pre:ကိုယ်ဟာ ရပ်တန့်ငေးမောခြင်းမှာ
နေသားတကျ
တချို့အိပ်မက်တွေဟာမြင့်လွန်းသလား
မပျော်ရွင်ခြင်းနဲ့ မင်းကိုကိုယ်ငေးရင်း......
မပြိုင်ဆိုင်ဖူးပဲ ရှုံးတဲ့အရှုံးမှာ
နေသားတကျ
မြှားချက်တို့ဟာ ကုန်နှင့်ကာ
အရင်နေရာမှာအရင်အတိုင်း အဝေးမှာ...
မလှမ်းရက်ခဲ့တဲ့ ပန်းခက်လေးရယ်...
မပိုင်ဆိုင်နိုင်မှန်းလဲ သိတယ်..
လိုချင်ပေမယ့် မဝယ်ဖြစ်တဲ့အရုပ်တရုပ်ရှိတယ်
မလှမ်းရက်ခဲ့တဲ့ ပန်းခက်လေးရယ်...
မပိုင်ဆိုင်နိုင်မှန်းလဲ သိတယ်..
လိုချင်ပေမယ့် မဝယ်ဖြစ်တဲ့ အရုပ်တရုပ်
ရှိခဲ့ဖူး....တယ်.....
Shile_Lwin