ငါလေပြောချင်တယ် ဒီစကားများမင်းကို
ရင်မှာသိမ်းဆည်းထား နင်လေသိနိုင်တယ်
ငါ့ရဲ့အချစ်ကို ဘယ်လိုပင်ပုန်းဝှက်ထားလည်း
ဘာအတွက်ပါလဲ ဘယ်လိုတားတားမင်းကို
ငါလေအဆက်မဖြတ်ပါ လိုအပ်တိုင်းမှာလည်း
ငါမင်းရဲ့အနားမှာ ရှိနေပေးလို့သွား
အမြဲတမ်း အမြဲတမ်းပဲ
တို့နှစ်ယောက်အချစ်ကို မေးခွန်းထုတ်နေသလို
အတားအဆီးတို့ ထိုးနှက်
အဆက်ဖြတ်ထားလည်း စိတ်ထဲကနီးနေသလို
အမြဲတမ်း အမြဲတမ်းပဲ ငါ့ရဲ့အချစ်က
မင်းအတွက်ရှိနေသလို အမြဲတမ်း အမြဲတမ်းပဲ
မင်းရဲ့အချစ်က ငါ့အတွက်ရှိနေပေးပါ
ယုံကြည်နေလိုက်
ဒီကမ္ဘာမြေ၌
ငါ့ရင်မှာ မင်းတစ်ယောက်ကလွဲရင်
ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမှာတွေ့နေစဉ်အခိုက်မှာ
အရင်တိုင်းပဲ စိတ်မှာလစ်ဟာမနေဘူး
ယုံကြည်နေလိုက်ကွာ ငါကျေးဇူးတင်လိုက်တာ
မင်းနဲ့တွေ့ဆုံခွင့်ရလို့
တွေ့ဆုံခွင့်ရလို့
တကယ်ကိုမသိတော့ဘူး
သူ့အပေါ်မှာငါက အတ္တကြီးခဲ့လား
အသေးအမွှားဘေးနားသွေးထိုးစကားအပြင်
နှစ်ယောက်ကြားပြဿနာမရှိခဲ့ပါ
အသိမဲ့စွာ ဒီ့ထက်ငါ ချစ်တာတစ်ခုတည်း
စိုးရိမ်မှုတွေကြီးခဲ့ရ ရည်ရွယ်ပြီးသား
သူနဲ့လက်တွဲကတည်းက တစ်သက်စာခရီးအတွက်ပါ
မကြာခဏတိုက်ခတ်တဲ့မုန်တိုင်းများစွာ
သွေးအေးတဲ့လူတွေကြားမှာ
နွေးထွေးတဲ့တို့နှစ်ယောက်ဆက်ဆံရေးက
ပေါင်းကူးတံတားအလား ဘယ်သူတွေဘယ်လိုတားတား
အမြဲတမ်းရှိနေပေးပါအနားမှာ
စိတ်ပူမနေပါနဲ့တော့ သူ့အပြင်လည်း
ငါနောက်တစ်ယောက်မထားပါ တကယ်တော့လည်း
ငါမဟုတ်တဲ့တခြားတစ်ယောက်က သူ့ကိုပိုပြီး
ပျော်ရွှင်စေနိုင်မလား ဒီအဖြေကိုသိနေလည်း
ငါမဖြေနိုင်ပါ ငါမရှိပဲသူနေနိုင်လား
သူ့အတွက်ငါပေးနိုင်တဲ့
ပျော်ရွှင်မှုဆိုတာကလည်း
ခဲလုံးတစ်လုံးပစ်ချမိလိုက်တဲ့ရေအိုင်လား
စိုးရိမ်လို့ပြောတဲ့စကားတွေကို
ဂျစ်ကန်ကန်လုပ်ခဲ့ဖူးတယ်
သူငယ်ချင်းတွေငါ့ကိုရူးတယ်ပြောလည်း
မငြင်းဘူးဟုတ်တယ် အရူးပဲ ဘယ်သူသိမလဲ
လွမ်းရလွန်းလို့ အိပ်ယာပေါ်မှာအလူးအလဲ
သူကသာ ငါ့ဘဝမှာ နောက်ထပ်မရှိနိုင်တော့တဲ့
အချစ်ရဆုံးသူတစ်ဦးပဲ
ယုံကြည်နေလိုက် ဒီကမ္ဘာမြေ၌
ငါ့ရင်မှာ မင်းတစ်ယောက်ကလွဲရင်
ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမှာတွေ့နေစဉ်အခိုက်မှာ
အရင်တိုင်းပဲ စိတ်မှာလစ်ဟာမနေဘူး
ယုံကြည်နေလိုက်ကွာ ငါကျေးဇူးတင်လိုက်တာ
မင်းနဲ့တွေ့ဆုံခွင့်ရလို့
တွေ့ဆုံခွင့်ရလို့
လက်ကိုတွဲ နှစ်ယောက်သား
နားလည်မှုနဲ့ဘဝကိုနေကြည့်ကြမယ်
ဘယ်အရာအတွက်မဆို အမြဲတမ်းဘေးကနေပြီးတော့
ငါဖြည့်ဆည်းသွားမယ် တစ်ချက်မပြိုလဲ
ဘယ်အခြေအနေပဲရောက်ပါစေ
ဘေးမှာနေပြီးသားပဲ ဘယ်သူ့ကြောင့်
ဘာ့ကြောင့် ဘာဆိုဘာမှမပြောပဲနဲ့
အဖြေရှိထားခဲ့ ရှေ့ဆက်
ဘာတွေဖြစ်ဦးမလဲဆိုတာ မှန်းဖို့ကခက်တယ်
သံသယနဲ့စိုးရိမ်မှုလွှမ်းမိုးနေချိန်
အလွမ်းမြို့ကမ္ဘာပျက်မယ်
ခြေတစ်လှမ်းတိုးတာအတွက်နဲ့
အနာဂတ်လမ်းကြမ်းလို့ကွာခက်တယ်
ဒီလိုအချိန်ရင်ဘတ်ထဲဗြောင်းဆန်လာပြီး
အလွမ်းမိုးရွာတတ်တယ်
တစ်နေ့နေ့တစ်ချိန်ချိန်
သူလည်းစိတ်ကုန်သွားမှာစိုးတယ်
တစ်ဖက်သတ်ဆန်တာမျိုးလည်းမဖြစ်ချင်ပေမယ့်
စွန့်လွှတ်ဖို့မလွယ်လို့တကယ်
မျက်ရည်မိုးလည်းမစဲပဲသည်းခဲ့
တဖွဲဖွဲနေ့ရက်တိုင်းရွာလို့အမြဲ
အကြိမ်ကြိမ်အဖန်ဖန်ပျော်ခဲ့တဲ့
အချိန်တွေကို တွေးလိုက်တိုင်း ကြည်နူးဆဲ
အချိန်တွေရယ်ကုန်ပါတော့
မနေနိုင်ပါအလွမ်းတို့နဲ့ မွန်းကျပ်လို့
ငါ့တစ်ယောက်တည်း အချိန်တွေရယ်ကုန်ပါတော့
မနေနိုင်ပါအလွမ်းတို့နဲ့ မွန်းကျပ်လို့
ငါ့တစ်ယောက်တည်း ငါ့တစ်ယောက်တည်း
အတွေးများနဲ့ချာချာလည်
ငါဆိုက်ကိုဖောက်တာအခါခါပဲ
မတွေ့ရတဲ့ရက်တွေဆို အချိန်တွေကုန်တာ
အရမ်းကိုကြာပါတယ် တစ်ခါတစ်လေ
ငါကစိတ်ဆိုးပြောတဲ့စကားတွေကိုစာနာပါကွယ်
အရာရာစိတ်ပူ တဖွဖွဆုံးမ
သူ့စကားများစွာသာယာမြဲ
ကျေးဇူးတင်စရာတွေကများတယ်
ဖြေရှင်းရခက်တဲ့ကြားထဲ
မဆိုင်တဲ့ဘေးလူစကားတွေကို
သိပ်ပြီးတော့အာရုံမထားနဲ့
သွက်လက်စွာနေတဲ့ငါ့ကိုအပြစ်ပြော
ဒီ့အတွက်မှားချင်မှားမယ်
ဘယ်သူနဲ့မှမဖောက်ပြားခဲ့တာ
သစ္စာတရားပဲ ဟုတ်တယ်
ထက်ထက်ကဆတ်ဆတ်ကြဲ ဒါပေမယ့်
ရှုပ်ရှုပ်ရှက်ရှက်ဘယ်သူနဲ့မှလည်း
မပတ်သက်ခဲ့
ဒါတောင်မအပ်စပ်တဲ့စွပ်စွဲချက်တွေနဲ့
စကားကို ကပ်ကပ်သတ်သတ်အမြဲ
အဆက်မပြတ်ပြောပြီး
ရစ်ချက်ကပက်ပက်စက်စက်ပဲဆိုတော့ ငါလည်း
တစ်ချက်တစ်ချက်တော့ဒေါသထွက်တတ်တယ်
ငါက သူ့အတွက်စိတ်ရှုပ်စရာတွေကိုပဲ
ယူလာခဲ့သူလား ငါက
သူ့ကိုမစွန့်လွှတ်နိုင်လို့
အတ္တကြီးခဲ့မိသူပါ
ငါက သူ့အတွက်
စိတ်အနှောင့်အယှက်ဖြစ်စေမယ့်လူလား ငါက
ဘယ်တော့မှမပြောင်းလဲပဲနဲ့ ချစ်နေမယ့်သူပါ
ယုံကြည်နေလိုက် ဒီကမ္ဘာမြေ၌
ငါ့ရင်မှာ မင်းတစ်ယောက်ကလွဲရင်
ကြင်နာမှုများမရှိဘူး သစ္စာရည်စူး
ယုံကြည်နေလိုက်ပါ ဒီမှာတွေ့နေစဉ်အခိုက်မှာ
အရင်တိုင်းပဲ စိတ်မှာလစ်ဟာမနေဘူး
ယုံကြည်နေလိုက်ကွာ ငါကျေးဇူးတင်လိုက်တာ
မင်းနဲ့တွေ့ဆုံခွင့်ရလို့
တွေ့ဆုံခွင့်ရလို့