menu-iconlogo
huatong
huatong
avatar

မလိုချင်ဘူး စစ်

Ni Ni Khin Zawhuatong
solace686huatong
Lyrics
Recordings
သီချင်း : မလိုချင်ဘူး...စစ်

တေးဆို : နီနီခင်ဇော်

စာမလာခဲ့တာ အကြာကြီးလေ

ပြောင်းလဲ ရက်လနှစ်တို့ အမှောင်ပြည့်

ခြေသံတွေကြားရင် မျှော်မိတယ်

စိုးရွှံထိတ်လန့်စိတ်နဲ့ ကမ္ဘာမြေ

နင်ရေးခဲ့ဖူးတဲ့ အတိတ်က ကဗျာလေး

မျက်ရည်ကြားမှာ လွှင့်လို့မျော

ပြက္ခဒိန်ထဲမှာပဲ

ဖြတ်သန်းလို့သွားတဲ့

ဒို့နှစ်ဦး အကြင်နာများ

မလိုချင်ဘူး..စစ်

နင်ထားလို့သွားတဲ့ နေ့ဆိုးတွေ...ဟေး...

အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ

အားတင်းရှေ့ဆက်နေရင်းလေ..

မမြင်ချင်ဘူး..စစ်

မီးတွေသင့်တဲ့ မြို့ကလေးတွေ...ဟေး...

သက်တမ်းကုန်သွားတဲ့ အသိုက်ကလေးတွေ

အမုန်းများရပ်ဖို့ ဘယ်သူတားမလဲ

အားလုံးငြိမ်းချမ်းရင်ကောင်းမယ်

ရေဒီယိုထဲမှာ ငါတောင်းတဲ့

တို့ရဲ့သီချင်းလေး မင်းကြားပါစေ

ပြန်ဆုံနိုင်ဖို့လေ ငါဆုတောင်း

ဘုရားကပေးဖို့မျှော်လင့်ထား ... ရေး..

သတင်းစာရွက်တွေများစွာ ပြန့်ကျဲ

မတွေးခင်သွေးမြေခရက်စွဲ

အသက်ရှူကျပ်နေတဲ့

ဘုရားအိုနားက အရိပ်ကလေး နင်ဖြစ်မလား

မလိုချင်ဘူး..စစ်

နင်ထားလို့သွားတဲ့ နေ့ဆိုးတွေ...ဟေး...

အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ

အားတင်းရှေ့ဆက်နေရင်းလေ..

မမြင်ချင်ဘူး..စစ်

မီးတွေသင့်တဲ့ မြို့ကလေးတွေ...ဟေး...

သက်တမ်းကုန်သွားတဲ့ အသိုက်ကလေးတွေ

အမုန်းများရပ်ဖို့ ဘယ်သူတားမလဲ

အားလုံးငြိမ်းချမ်းရင်ကောင်းမယ်

မကြုံချင်ဘူး..စစ်

ကလေးငယ်များစွာ မျက်ဝန်းတွေ...ဟေး...

ဒီဝဋ်ခံခဲ့တဲ့ သူတို့ကလေးတွေ

ငြိမ်းချမ်းချင်းကဘယ်မှာလဲ

မလိုချင်ဘူး..စစ်

နင်ထားလို့သွားတဲ့ နေ့ဆိုးတွေ...ဟေး...

အနားမှာ မရှိနိုင်ခဲ့တဲ့ ညဆိုးတွေ

အားတင်းရှေ့ဆက်နေရင်းလေ..

မမြင်ချင်ဘူး..စစ်

မင်းတို့သိမ်းတဲ့ မြို့ကလေးတွေ...ဟေး...

သက်တမ်းကုန်သွားတဲ့ အသိုက်ကလေးတွေ

အမုန်းများရပ်ဖို့ ဘယ်သူတားမလဲ

အားလုံးငြိမ်းချမ်းရင်ကောင်းမယ်

ရေဒီယိုထဲမှာ ငါတောင်းတဲ့

တို့ရဲ့သီချင်းလေး မင်းကြားပါ....စေ

More From Ni Ni Khin Zaw

See alllogo