menu-iconlogo
huatong
huatong
avatar

ဧည့်သည် The Guest

နင်ဇီမေhuatong
🌹🌹Yoke_Yoke_🌹🌹huatong
Lyrics
Recordings
ဧည့်သည်  (The Guest)

Nin Zi May & Sophia Everest

NZM တွေ့ကြုံခဏ

ဆုံတွေ့ခွင့်ရတဲ့ ဧည့်သည်လား

ခဏ တာ အတွက်

ဒီရင်ခွင်မှာ သူခိုနားသွား

သူအိပ်စက်ဖို့

ဒီခရီးတစ်ထောက်

ကိုယ်နှလုံးသားလေး

တည်ခင်းခဲ့

ပျော်တော်ဆက်ခဲ့လည်း

နိဂုံးတော့ လေ

နှုတ်ဆက် လက်ပြသွား

ချစ်သူကျေနပ်သလား

ကိုယ့်ဧည့်ဝတ်ကျေခဲ့ နေ့ညတွေမှာ

နောက်တဖန် ပြန်လာမလား

မောပန်းလို့နေတဲ့

အခိုက်အတန့်တွေမှာ

ကိုယ်ပိုင်ဆိုင်သမျှ

အသွေးအသားများဟာ

မင်းအတွက်ပေါ့

ပိုင်ဆိုင်တာဟူသမျှ

ပေးဆပ်ထားတာမင်းအတွက်ပေါ့

ဧည့်သည်

SPEနီးစပ်ခဲ့သမျှဟာအိပ်မက်တို့ဖြစ်ခဲ့ပြီလား

ပေးဆပ်ခဲ့သမျှဟာအရာမထင်လဲပဲ

ကြည်ဖြူစွာငါကျေနပ်ပေးခဲ့တယ်

အိုးငြိုငြင်မှုမရှိဘူး

ခွင့်ပြုလို့ခွင့်လွှတ်ခဲ့မွန်းကြပ်တဲ့နေတို့နဲ့

အမှောင်ယံမှာငါငိုနေဆဲ ဘဲ

အသည်းနှလုံးတွေအသည်းနှလုံးတွေ ဟိုး

ကွဲလို့ကြေကွဲလို့နေ ဟိုး

ရွှဲလို့နေမျက်ရည်တွေဟာလေမြေသို့ခ

မျှော်နေမယ်အကယ်၍သာ

အခြားမှာမပျော်တဲ့အခါ

ဒီလူကိုပြန်သတိရပါနော်

ကြိုဆိုတယ်အရင်အတိုင်း

သူပေးဆပ်ဖို့အတွက်ခရီးတစ်ထောက်

ကိုယ့်နှလုံးသားနဲ့ဧည့်ခံတည်ခင်းခဲ့

ပျော်တော်ဆက်လို့ပေးခဲ့လည်း

နိဂုံးတော့လေ

သူလေနှုတ်ဆက်လို့လက်ပြသွား

NZM ချစ်သူကျေနပ်သလား

ကိုယ့်ဧည့်ဝတ်ကျေခဲ့ နေ့ညတွေမှာ

နောက်တဖန် ပြန်လာမလား

မောပန်းလို့နေတဲ့

အခိုက်အတန့်တွေမှာ

ကိုယ်ပိုင်ဆိုင်သမျှ

အသွေးအသားများဟာ

မင်းအတွက်ပေါ့

ပိုင်ဆိုင်တာဟူသမျှ

ပေးဆပ်ထားတာမင်းအတွက်ပေါ့

ဧည့်သည်

Solo

SPE မျှော်လင့်လို့နေဆဲ

နင်ထားသွားကာအနားနားမှာမရှိတော့ပေမယ့်

(မရှိတော့ပေမယ့်.)

ပူဆွေးလို့ကြေကွဲ

အင်အားများစွာဆုတ်ယုတ်ကာချည့်နဲ့နေခဲ့

(ချည့်နဲ့နေခဲ)

ဧည့်ဝတ်ကြေခဲ့

နေ့ရက်တွေတမ်းတကာနွမ်းလျနေဆဲဟေ့

ဒဏ်ရာတွေနဲ့ငါ့ရင်မှာအနာတရ

နင်ပြန်လာမလားစောင့်စားလို့

အရူးတစ်ယောက်ကဲ့သို့လေ

သန်းခေါင်ယံအိပ်မရတဲ့ညတွေများ

အထီးကျန်နေတဲ့ကိုယ့်ရဲ့ည

ဘယ်လိုကုစားမှာ သူမှတပါး

ဘယ်သူမှလာကူမရနိုင်ဘူး

ဝိုးဟူး ဟိုးဝိုး

တိမ်တွေဟာလေညို့နေကာလေ

အိမ်ပြင်မှာလေမိုးတွေရွာနေ

ကိုယ့်ရင်မှာလေ

အချိန်ခါတွေပြောင်းနေပါစေ

မရေရာလည်းစောင့်နေမှာဟေ့ Yh!

သူပေးဆပ်ဖို့အတွက်ခရီးတစ်ထောက်

ကိုယ့်နှလုံးသားနဲ့ဧည့်ခံတည်ခင်းခဲ့

ပျော်တော်ဆက်လို့ပေးခဲ့လည်းနိဂုံးတော့လေ

သူလေနှုတ်ဆက်လို့လက်ပြသွား

NZM ချစ်သူကျေနပ်သလား

ကိုယ့်ဧည့်ဝတ်ကျေခဲ့ နေ့ညတွေမှာ

နောက်တဖန် ပြန်လာမလား

မောပန်းလို့နေတဲ့

အခိုက်အတန့်တွေမှာ

ကိုယ်ပိုင်ဆိုင်သမျှ

အသွေးအသားများဟာ

မင်းအတွက်ပေါ့

ပိုင်ဆိုင်တာဟူသမျှ

ပေးဆပ်ထားတာမင်းအတွက်ပေါ့

ဧည့်သည်

Thanks you

... Yote_Soe.....

More From နင်ဇီမေ

See alllogo
ဧည့္သည္ The Guest by နင်ဇီမေ - Lyrics & Covers