မီးအိမ်ရှင်မလေး
ညီပုလေး
ကြွေကာလေ မစဲ
နေပူပူနေထဲ
ပျံကာဝဲ တောင်တန်း ကြီးလည်း
ခိုက်ခိုက် တုန်တုန် နေစဉ်မှာ
တောင်ပေါ်ကြွေတဲ့ နှင်းထု
မြူခြေတွေရစ်ဆိုင်း
ငွေတိမ်လှိုင်း
တစ်တောင်လုံး မှိုင်းလို့ လမ်းမမြင်နိုင်
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ
ချင်းမိခင် တောင်တန်း ချမ်းနေချိန်
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျား ဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျား ဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျား ဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျား ဒန်ဒါဟေ့
ထိုစဉ် ဟိုအဝေး
မှန်အိမ် ငယ်ငယ်ကလေး
တောင်ခြေမှ တောင်ထွဋ်ဖျားထိ
တရွေ့ရွေ့ ညင်သာစွာလာနေ
တောင်ပေါ်ဆရာမလေး
စေတနာရှင်မလေး
သူလာနေပြီ
ရင်တွင်း အမောဆို့ နှင်းတွေစို
သွေးခဲမတတ် အအေးဓာတ်ကို
ရင်ဆိုင်ကာ တို့ အတွက်လေ
ထက်မြက်တဲ့ အခွင့်အရေးဖြစ်တဲ့
ပညာတွေ သင်ပေးခဲ့
တောင်တန်း မြေမှ မီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေး နှင်းတွေစို
ဟိုတစ်နွေ ဆီက
သူငယ်စဉ် တွယ်တာခဲ့
ကြင်နာသူ မြေပြန့်သားလေး
လိုက်လို့ လာခေါ်စဉ် တချိန်က
ကြင်နာသူ တစ်ဘက်
တောင်ပေါ်မြေတစ်ဘက်
ဒီအခက်အခဲ
လက်တွဲဖြုတ်လို့ ခေါင်းခါခဲ့
နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ
ချင်းမိခင် တောင်တန်း ချမ်းနေချိန်
သွေးခဲမတတ် အအေးဓာတ်ကို
ရင်ဆိုင်ကာတို့ အတွက်လေ
ထက်မြက်တဲ့ အခွင့်အရေးဖြစ်တဲ့
ပညာတွေ သင်ပေးခဲ့
တောင်တန်း မြေမှ မီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေး နှင်းတွေစို
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျား ဒန်ဒါဟေ့
ဂျင်ဂျာဂျင်းဂျားဂျင်းဂျားဒန်ဒါဟေ့
ဂျင်းဂျား ဒန်ဒါဟေ့
တောင်တန်း မြေမှ မီးအိမ်ရှင်မလေး
တောင်တန်း မြေမှ မီးအိမ်ရှင်မလေး
တောင်တန်း မြေမှ မီးအိမ်ရှင်မလေး
ဂရုဏာရှင်မလေး နှင်းတွေစို
တေးရေး တေးဆို တီးခတ်သူများနှင့်
သက်ဆိုင်သူများ အားလုံးကို
Credit ပေးပါတယ်