သိပ်ချစ်မိတဲ့အခါ
ဆို - No
Music
မျက်ဝန်းလေးများနဲ့ နှောင်ဖွဲ့ ခဲ့
အနားနားမင်းရှိချိန်များ
တစ်နေ့ ကြချစ်မိမှာလား တို့ မသိခဲ့
ချောက်ကပ်လွန်းတဲ့တို့ ရဲ့ ဘ၀ထဲကို
မိုးစက်များနဲ့ မင်းရောက်လာခဲ့
လင်းလက်လွန်းတဲ့အချစ်တွေနဲ့
မင်းလမ်းပြခဲ့တယ်
ရင်ခုံခြင်းနဲ့ ကြင်နာခြင်း
တို့ ရင်ထဲမှာ လှိုင်းခက်လို့ 
မျှော်လင့်ခြင်းမထားဘူးတဲ့
အချစ်ဆိုတာကိုမသိခဲ့လို့ 
တုန်ယင်စွာဖက်ထား
စကားလေးတွေကိုမင်းပြောခဲ့
ယုံကြည်စွာမှတ်သားမယ်
ချစ်တတ်ခဲ့ပြီမင်းလေးနဲ့ 
မပြောနဲ့ တို့ လမ်းခွဲရမယ့်
အကြောင်းတွေ
ဝေးရမှာငါကြောက်လို့ 
မတားနဲ့ တို့ သိပ်ချစ်ရတဲ့အချစ်တွေ
ဆုံးရှုံျးမှာငါကြောက်တယ်
တစ်ယောက်ကတစ်ယောက်ရဲ့ 
အရိပ်ကလေးလိုမခွဲတမ်းအမြဲရှိရင်း
ပြောင်းလဲမသွားမယ့်အချစ်တွေနဲ့ 
တို့ ချစ်ခဲ့.....
နွေးထွေးလွန်းတဲ့မင်းရဲ့ လက်ကလေးတွေ
ယုယခြင်းနဲ့ တို့ လက်ကိုတွဲ
အဆိုးရွားဆုံးသောလမ်းတွေလဲ
တို့ လျှောက်ရဲခဲ့ပြီ
ဘာမဆိုငါရင်ဆိုင်မယ် မင်းရှိရင်
မကြောက်တတ်ခဲ့
အရာရာဟာချိုမြိန်လို့ လှပတဲ့
မင်းအချစ်နဲ့ အသင့်ဖြစ်ခဲ့
တို့ ဘ၀ရဲ့ နေ့ရက်သစ်တွေအားလုံးတွက်
ထာဝရထိဆက်ချစ်မယ်
ဝေးကြဖို့ မပြောလိုက်နဲ့ 
မပြောနဲ့ တို့ လမ်းခွဲရမယ့်
အကြောင်းတွေ
ဝေးရမှာငါကြောက်လို့ 
မတားနဲ့ အိုးး သိပ်ချစ်ရတဲ့အချစ်တွေ
ဆုံးရှုံျးမှာငါကြောက်တယ်
Music
ရူးတော့မယ် အချစ်ရဲ့ စိတ်
မင်းလေးကိုငါစွဲလမ်း
ရီဝေတဲ့အပြုံးတွေနဲ့ 
လှပတဲ့အချစ်ရဲ့ လမ်း
ဆန်းပြားတဲ့ဘ၀တွေကို
အချစ်တို့နဲ့ မျှဝေလို့ 
အတူတူကွယ်ခံစားစို့ 
မင်းလေးကိုတို့ ချစ်လို့ 
ဒဏ်ရာတွေရခဲ့ရင်
မင်းလေးငါ့ကိုထားခဲ့မှာလား
ဘ၀ပေးခါချစ်ခဲ့ပီမင်းတို့ ကို
ယုံကြည်ထား
မှားသွားပါစေ ဆက်လျှောက်မယ်
တစ်ယောက်နဲ့ တစ်ယောက်လက်ကိုတွဲ
နှလုံးသားချင်းနားလည်အချစ်တို့နဲ့ 
တို့ နှစ်ယောက်အမြဲ
(မျှော်လင့်ချက်တွေနဲ့ ..အခိုင်မြဲဆုံး)
မပြောနဲ့ တို့ လမ်းခွဲရမယ့်
အကြောင်းတွေ
ဝေးရမှာငါကြောက်လို့ 
မတားနဲ့ တို့ သိပ်ချစ်ရတဲ့အချစ်တွေ
ဆုံးရှုံျးမှာငါကြောက်တယ်
မပြောနဲ့ တို့ လမ်းခွဲရမယ့်
အကြောင်းတွေ
ဝေးရမှာငါကြောက်လို့ 
မတားနဲ့ တို့ သိပ်ချစ်ရတဲ့အချစ်တွေ
ဆုံးရှုံးမှာငါကြောက်တယ်
Thank you
LaYakeKho