ငါရိုးရိုးအေးအေးလေး မင်းတစ်ယောက်ကိုပဲ
ငါ ရူးရူးမူးမူးကြီး ချစ်ခဲ့ဖူးတယ်
တကယ်လက်တွေ့မင်းက စဉ်းစားပေးချိန်မှာတော့
ငါ မလိုချင်သလိုလို ဖြစ်လာတယ်
ငါဆန်းဆန်းပြားပြားလေး
ထပ်တွေ့ပြန်တော့လည်း
ငါ အတွဲလေးရဖို့တော့ ကြိတ်ကြံသေးတယ်
စုံစမ်းကြည့်ရလို့
သိလိုက်တဲ့အချိန်မှာတော့
သူ ရင်ခုန်သူဟာ ပေါပါတယ်
ဒီတစ်သက်လုံးမှာတော့ ကွာ
ငါရည်းစားရဖို့ လုံးဝ မမြင်ပါ
အသေအချာပြောချင်ခဲ့တာတော့
ငါရွေးရင်းရွေးရင်း အကြိုက်မတွေ့နိုင်ပါ
ငါ မင်းသားလုပ်တဲ့
မင်းလေးတစ်ယောက်ကိုလည်း
ငါ အတွေးထဲခဏလောက်တော့ ချစ်ကြည့်ဖူးတယ်
သူများနဲ့တွဲတဲ့ မင်းရဲ့အလုပ်တွေမှာလည်း
ငါ အူတိုနေရင် ရှုပ်ကုန်မယ်
ဒီတစ်သက်လုံးမှာတော့ ကွာ
ငါရည်းစားရဖို့ လုံးဝ မမြင်ပါ
အသေအချာပြောချင်ခဲ့တာတော့
ငါရွေးရင်းရွေးရင်း အကြိုက်မတွေ့နိုင်ပါ
ဒီတစ်သက်လုံးမှာတော့ ကွာ
ငါရည်းစားရဖို့ လုံးဝ မမြင်ပါ
အသေအချာပြောချင်ခဲ့တာတော့
ငါရွေးရင်းရွေးရင်း အကြိုက်မတွေ့နိုင်ပါ
ငါ ဘယ်သူ့မှ အခုထိ လက်မလွှတ်နိုင်ပါ
ငါ ဘယ်သူ့မှ အခုထိ လက်မလွှတ်နိုင်ပါ