menu-iconlogo
huatong
huatong
avatar

ရင်ခွဲပင်လယ်

ဖြူဖြူကျော်သိန်းhuatong
✿Bαє-☊-Pυтυ✿huatong
Lyrics
Recordings
P >အဆုံးမဲ့သော

ပင်​လယ်​ကြီးတစ်​ခုလို

နက်​ရှိုင်းတဲ့မေတ္တာတွေ

ငါပေးလည်း

ရေလှိုင်းလုံးးတွေလို

သယ်​ဆွဲချသွားလိုက်

ပြန်​မြှောက်​ပင့်​လိုက်​နဲ့

ကစားပါတယ်

အပြင်​မှာ

ငြိမ်​သက်​ပြီးရိုးရှင်းသလိုနဲ့

နင်​ဟာပွေလီရှုပ်​ထွေးတယ်

ပင်​လယ်​ရယ်​....

ဘယ်​လောက်​ထိ

နှိပ်စက်ဦးမှာလဲ

ချာချာလည်​နေပြီ

တကယ်​မူးတယ်

ငါစုံးစုံးမြုပ်​လို့မသွားခင်

လက်​ပစ်​ငါကူးပြီး

လွတ်​မြောက်​အောင်​ထွက်​ပြေးမယ်

ငါ့ရင်​ကိုခွဲ ငါ့ရင်​တွေကွဲ

ရင်​ကွဲပက်​လက်​ငါခံစားခဲ့

ငါ့ရင်​ကိုခွဲ ငါ့ရင်​တွေကွဲ

နင်​ရက်​စက်​တယ်

ရင်​ခွဲပင်​လယ်

M >ပူလောင်အက်စစ်တွေ စီးဝင်တယ်

နင်ကအန္တရာယ်​ သိပ်များတဲ့မီးပင်လယ်

အဲ့ဒီ့မီးပင်​လယ်​ကြီးထဲ

ငါကမာယာလှိုင်းတွေကို စီးချင်တယ်

ခရီးမတွင်​လည်း အလောင်အကျွမ်းခံကူးခတ်

ရူးမိုက်​စွာနဲ့ ခရီးနှင်​ဆဲ

လွတ်​မြောက်​ချင်​လည်း

မင်းအနမ်းချိုချိုတွေကြားမှာ

ရုန်းထွက်​မရ ဆက်​ပြီးကျင်​လည်

ငါ့ကိုနှိပ်စက်​ရတာ ‌ပျော်တယ်ပေါ့ဟုတ်လား

ရုပ်နဲ့တောင်မလိုက်​ ကောက်ကျစ်ပြီးယုတ်မာ

မဟုတ်​တာတွေကိုပဲ ရွေးပြီးနင်​လုပ်​တာ

တွေ့သမျှမိန်းမနဲ့ ပတ်​သပ်​ပြီးရှုပ်​တာ

ကြောက်​တယ်​ ရွံတယ်​ မုန်းတယ်​ ချစ်​တယ်

ဖီလင်​ပေါင်းစုံကြား ‌ရေတိမ်ငါနစ်တယ်

မူးတယ်​မူးတယ်​ ချာချာလည်မူးတယ်

နင့်​ရဲ့ဝဲဂယက်​ကြောင့်​ ‌နေ့စဉ်ငါရူးတယ်

နင်​ပြောတဲ့ ချစ်​တယ်​ဆိုတာ

အပျော်​အပျက်​ပါပဲ

နင်​ပေးတဲ့ငါ့နေရာက

ပျော်​တော်​ဆက်​ပါကွယ်

ပျင်းတဲ့အချိန်​မှ ငါကိုခေါ်တတ်​ပါတယ်

အဲ့တာကို

ငါအမြီးနှံ့ပြီးမျှော်​တတ်​ပါတယ်

လူရာတောင်​မသွင်းခဲ့ပါကွယ်

ငါကတိတ်​တိတ်​ပုန်း လိုသုံးအဆင့်​ပါပဲ

ငါ့မာနကိုအမှုန့်​ခြေပြီး

နင်​ဟားတိုက်​လို့ချနင်းတာအမြဲ

P >ဘယ်လောက်ထိ

နှိပ်စက်ဦးမှာလဲ

ချာချာလည်​နေပြီ တကယ်​မူးတယ်

ငါစုံးစုံးမြုပ်​လို့မသွားခင်

လက်​ပစ်​ငါကူးပြီး

လွတ်​မြောက်​အောင်​ထွက်​ပြေးမယ်

ငါ့ရင်​ကိုခွဲ ငါ့ရင်​တွေကွဲ

ရင်​ကွဲပက်​လက်​ငါခံစားခဲ့

ငါ့ရင်​ကိုခွဲ ငါ့ရင်​တွေကွဲ

နင်​ရက်​စက်​တယ်

ရင်​ခွဲပင်​လယ်

M >တစ်ခါတစ်လေ လှိုင်းနုနုကြား

မိ​န်းမောသွားအောင်​ ငါ့ကိုချော့လိုက်

တစ်​ခါတစ်​လေ မင်းဖန်တီးတဲ့

မုန်​တိုင်းတွေကြောင့်​ ငါ့မှာမောဟိုက်

တစ်​ခါတစ်​လေ

ဆွဲအားများကြား မင်းခေါ်ဆောင်ရာ

ပက်​လက်​မျောလိုက်

တစ်​ခါတစ်​လေ ရိုက်ချက်ပြင်းပြင်းနဲ့

ဟိုးအဝေးကြီး ငါ့ကိုပစ်ကာဆော့လိုက်

မင်းကြောင့်​ ဘယ်လောက်ငါ

စိတ်​ဖိစီးလဲ အရိပ်​တကြည့်​ကြည့်​နဲ့ငါ

အမြဲဖြည့်​စည်းခဲ့

ငါပြန်​ရလိုက်​တာ အရှုံးတွေချည်းပဲ

မျက်​ရည်​နဲ့မျက်​ခွက်​ အရက်​တွေနဲ့ ညနက်

နေ့စဉ်​နဲ့ရက်​ဆက်​ အချစ်​တွေကငတ်​ပြတ်

အလွမ်းတွေကကြပ်​ညပ်

ဒဏ်​ရာကအထပ်​ထပ်

ရင်​ဘတ်​ကဟတ်​တတ်

နာရတာတဆတ်ဆတ်

နင်​တရားလွန်​ရက်​စက်​လည်း

ငါချစ်​တယ်​ အသက်​ထက်

ငါဆုတောင်းမိတယ်

တစ်​နေ့နင့်​ကိုငါမုန်းနိုင်​ပါစေ

ဒါဝဍ်​ကြွေးလို့ဆိုလည်း

ဒီဘဝတင်​ဆုံးနိုင်​ပါစေ

ဒီအချစ်ကျိန်စာအောက်က

လွတ်မြောက်​လို့ရုန်းနိုင်​ပါစေ

အမြန်ဆုံး နင်နဲ့ဝေးရာပြေးလို့

အရင်လို ငါပြုံးနိုင်​ပါစေ

P >ဘယ်လောက်ထိ

နှိပ်စက်ဦးမှာလဲ

ချာချာလည်​နေပြီ တကယ်​မူးတယ်

ငါစုံးစုံးမြုပ်​လို့မသွားခင်

လက်​ပစ်​ငါကူးပြီး

လွတ်​မြောက်​အောင်​ထွက်​ပြေးမယ်

ငါ့ရင်​ကိုခွဲ ငါ့ရင်​တွေကွဲ

ရင်​ကွဲပက်​လက်​ငါခံစားခဲ့

ငါ့ရင်​ကိုခွဲ ငါ့ရင်​တွေကွဲ

နင်​ရက်​စက်​တယ်

ရင်​ခွဲပင်​လယ်

💔🌊💔🌊💔🌊💔

☃-Nu_Nu-☃

More From ဖြူဖြူကျော်သိန်း

See alllogo