အချိန်တွေကုန်လွန်ပြီးဆုံးကာ
ပြောင်းလဲသွားပြီလား
ဒီနေရာဟာကိုယ့်အတွက်
တစ်စိမ်းလိုဖြစ်သွားပြီလား
ရင်ခွင်မှာအချစ်ဆုံးမင်းကို
တောင်းဆုခြွေပြန်ဆုံဖို့
အကြင်နာတွေနဲ့အိပ်မက်ကို အသက်သွင်းကာ
အချိန်မှန်အိမ်အပြန်လမ်းလေး
မင်းမှန်းဆလွမ်းနေလား
မမြင်တာကြာပြီပဲမို့ မင်းမေ့ကာနေဦးမလား
ရင်ခုန်စွာမျှော်ကြည့်မိတယ်သူရှိရာနေရာကို
ကိုယ်မြင်နေကျမင်းမျက်နှာအရင်ကလို
မျက်လုံးခြင်းမင်းနဲ့တွေ့ဆုံခိုက်
အချစ်များနဲ့အားလုံးကိုသိမ်းပိုက်
ဒီဘဝကိုပုံအပ်လိုက်မယ်ယုံထားလိုက်ကွယ်
ဒီတစ်ယောက်သာကြင်နာမှာ
ကိုယ့်နံဘေးနားမင်းလေးလှမ်းလာလိုက်
လက်ကလေးအားဆွဲလို့ကိုယ်ထွေးပိုက်
ဘယ်တော့မှထွက်မသွားဘူးကွယ်
ဒါနောက်ဆုံးရင်ခွင်ပါ
အချိန်မှန်အိမ်အပြန်လမ်းလေး
မင်းမှန်းဆလွမ်းနေလား
မမြင်တာကြာပြီပဲမို့ မင်းမေ့ကာနေဦးမလား
ရင်ခုန်စွာမျှော်ကြည့်မိတယ်သူရှိရာနေရာကို
ကိုယ်မြင်နေကျမင်းမျက်နှာအရင်ကလို
မျက်လုံးခြင်းမင်းနဲ့တွေ့ဆုံခိုက်
အချစ်များနဲ့အားလုံးကိုသိမ်းပိုက်
ဒီဘဝကိုပုံအပ်လိုက်မယ်ယုံထားလိုက်ကွယ်
ဒီတစ်ယောက်သာကြင်နာမှာ
ကိုယ့်နံဘေးနားမင်းလေးလှမ်းလာလိုက်
လက်ကလေးအားဆွဲလို့ကိုယ်ထွေးပိုက်
ဘယ်တော့မှထွက်မသွားဘူးကွယ်
ဒါနောက်ဆုံးရင်ခွင်ပါ
မျက်လုံးခြင်းမင်းနဲ့တွေ့ဆုံခိုက်
အချစ်များနဲ့အားလုံးကိုသိမ်းပိုက်
ဒီဘဝကိုပုံအပ်လိုက်မယ်ယုံထားလိုက်ကွယ်
ဒီတစ်ယောက်သာကြင်နာမှာ
ကိုယ့်နံဘေးနားမင်းလေးလှမ်းလာလိုက်
လက်ကလေးအားဆွဲလို့ကိုယ်ထွေးပိုက်
ဘယ်တော့မှထွက်မသွားဘူးကွယ်
ဒါနောက်ဆုံးရင်ခွင်ပါ
ဟူဟူဟူး ဟူးဟူးဟူဟူး