menu-iconlogo
huatong
huatong
avatar

ဇာတ်သိမ်းခန်း

ရာဝန yarwana yar wa nahuatong
sillybean_starhuatong
Lyrics
Recordings
မင်းအတွက်ရေးသားထားတဲ့သီချင်းတွေ

ဘယ်လိုအသက်သွင်းရမှာလဲ

မင်းမရှိတော့ ငါ့ဘ၀ခြောက်ကပ်ကပ်နဲ့

ခြေကုန်လက်ပန်း ကျလာတယ်

နင်အသိဆုံးပါ ငါ့အချစ်တွေကို

ရူးအောင်ချစ်ခဲ့ရသူပါ

ယှဉ်ကြည့်ဦးကွာ တခြားဘဲတွေလို

လုံးဝမတူနိုင်ဘူး ဘာမှ

အတ္တများနဲ့ ဖုန်းလွှမ်းထားတဲ့

ငါ့အချစ်ကိုနင်နားလည်ပေး

သိပ်ချစ်လွန်းလို့ အဆုံးရှုံးမခံနိုင်ဘူး

ထွက်မသွားပါနဲ့ ငါ့ရဲ့အဝေး

ပြေးထွက်လို့သွားတာပဲ ငါအနူးအညွတ်

တောင်းပန်နေတဲ့ကြားက

မင်းကြောင့်လေရူးနေပြီနော်

မျက်ရည်များနဲ့ ငါ့ဘဝ

အပေါင်းအသင်းတွေကြားမှာ

အရှက်တွေကွဲကာ

ငိုခဲ့ရတဲ့ရက်တွေ မနဲပါ

အားမလျှော့ဘဲငါ ရှေ့ဆက်နေဆဲပါ

မင်းမရှိတော့တဲ့ရက်တွေထဲမှာ

ခံနိုင်ရည်ကုန်ဆုံးသွားလည်း

အဆင်ပြေပါတယ် ဆိုတဲ့စကားနဲ့

မုသားတွေသုံးကာ ဟန်ဆောင်ပြုံးကာ

ရင်ထဲမှာတော့ငိုနေဆဲပါ

တနေ့တနေ့ လွမ်းတဲ့စိတ်ကြောင့်

အအိပ်ပျက်အစားပျက် ဖြစ်နေခဲ့

ငါမှားခဲ့တဲ့အမှား တစ်ခုအတွက်

နင်ချပေးခဲ့တဲ့ အပြစ်တွေလည်း

ကျေနပ်စွာခံယူပါ့မယ်

ဒီဘ၀ ဒီမျှ ရှိပါစေကွယ်

မင်းဘက်ကမချစ်နိုင်ရင်တောင်ငါ

ထာဝရ အဆုံးထိချစ်နေမယ်

လွမ်း...လွမ်းတဲ့စိတ်ကြောင့်

မျက်ရည်ကျတဲ့ရက်တွေမနည်း

အရမ်း..အရမ်းတွေ့ချင်ခဲ့တယ်

အချစ်ရဆုံးသော ချစ်သူရယ်

သတိရလို့ ထုတ်ကြည့်မိတယ်

အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့

အမှတ်တရတွေ ၀ယ်ပေးဖူးတဲ့

စာအုပ်လေးလည်းရှိပါတယ်

လွမ်း...လွမ်းတဲ့စိတ်ကြောင့်

မျက်ရည်ကျတဲ့ရက်တွေမနည်း

အရမ်း..အရမ်းတွေ့ချင်ခဲ့တယ်

အချစ်ရဆုံးသော ချစ်သူရယ်

သတိရလို့ ထုတ်ကြည့်မိတယ်

အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့

အမှတ်တရတွေ ၀ယ်ပေးဖူးတဲ့

စာအုပ်လေးလည်းရှိနေဆဲ....

p....... s .......k

တွဲခဲ့တဲ့ရက်တွေထဲမှာ

ငါ့ဘက်ကနင့်ကိုမရိုးမသားနဲ့

လုပ်ခဲ့တာမရှိပါဘူးငါ

နင်ပြန်ချစ်ဖို့သာကြိုးစားလည်း

တခုတည်းသော ငါ့ရဲ့အမှားကို

နင့်ဘက်ကလုံးဝ ခွင့်မလွှတ်ခဲ့တော့

တညလုံးလဲ အိပ်မပျော်ပါငါ

ငိုကြွေးရင်းနဲ့ မိုးလင်းခဲ့ပေါ့

နေ့ရက်တွေဆက်လာတယ်

ခံနိုင်ရည်လုံးဝ မရှိပါကွယ်

မင်းနဲ့အတူသွားဖူးတဲ့

နေရာတွေရောက်ရင် လွမ်းလာတယ်

ဖုန်းပြောတဲ့ ငါစနောက်လို့

သိန်းချီပေးဖူးတဲ့ အနမ်းတွေရယ်

အခုတော့ အားလုံးပြီးပါပြီ

ဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းတွေနဲ့

နောင်ဘ၀ဆိုတာရှိခဲ့ရင်

ငါကြိုစောင့်ပြီးတော့လွမ်းနေမယ်

စိတ်ပူမိတယ် အခုချိန်ဆိုရင်

နင့်ပါး ဘယ်သူများနမ်းနေမလဲ..

မင်းရဲ့ ၀ိညာဉ်ပါးပါရစေ

ရှေ့ဆက်ပြီးလည်း ကျန်းမာစေ

ငါ့အတွက်နင် မခံစားရအောင်

သယ်သွားပါ့မယ် လွမ်း စရာတွေ

လွမ်း...လွမ်းတဲ့စိတ်ကြောင့်

မျက်ရည်ကျတဲ့ရက်တွေမနည်း

အရမ်း..အရမ်းတွေ့ချင်ခဲ့တယ်

အချစ်ရဆုံးသော ချစ်သူရယ်

သတိရလို့ ထုတ်ကြည့်မိတယ်

အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့

အမှတ်တရတွေ ၀ယ်ပေးဖူးတဲ့

စာအုပ်လေးလည်းရှိပါတယ်

လွမ်း...လွမ်းတဲ့စိတ်ကြောင့်

မျက်ရည်ကျတဲ့ရက်တွေမနည်း

အရမ်း..အရမ်းတွေ့ချင်ခဲ့တယ်

အချစ်ရဆုံးသော ချစ်သူရယ်

သတိရလို့ ထုတ်ကြည့်မိတယ်

အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့

အမှတ်တရတွေ ၀ယ်ပေးဖူးတဲ့

စာအုပ်လေးလည်းရှိနေဆဲ....

ပြီးဆုံးသွားတဲ့

ဇာတ်လမ်းလေးတစ်ပုဒ်ကို

အစအဆုံး ပြန်လည်ဖတ်ကြည့်ခဲ့

ဇာတ်သိမ်းခန်း မှာ အသဲကွဲသွားတဲ့

ကောင်လေးတယောက်ရဲ့

happenstance

ရင်နာစရာဖြစ်ရပ်လေးမို့

ပြန်တွေးတိုင်းငါ မျက်ရည်ကျခဲ့

မင်းနဲ့ငါပျော်ရွှင်ခဲ့တဲ့ အတိတ်က

တို့နှစ်ယောက် ရက်တွေကလည်း

အခုတော့လည်း သူစိမ်းတွေလို

ဖြစ်သွားခဲ့တဲ့ သံယောဇဉ် များ

ဖြစ်နိုင်ရင် အတိတ်ကိုပြန်သွားပြီး

ချစ်တဲ့အကြောင်းတွေ ပြန်ပြောချင်တာ

နောင်တတွေ တပွေ့တပိုက်နဲ့

မပေါင်းခဲ့ရတဲ့ ဇာတ်လမ်းလေး

ဇာတ်သိမ်းခန်း ရောက်သွားပေမဲ့

သတိရတဲ့အခါ ပြန်လွမ်းသေး..

လွမ်း...လွမ်းတဲ့စိတ်ကြောင့်

မျက်ရည်ကျတဲ့ရက်တွေမနည်း

အရမ်း..အရမ်းတွေ့ချင်ခဲ့တယ်

အချစ်ရဆုံးသော ချစ်သူရယ်

သတိရလို့ ထုတ်ကြည့်မိတယ်

အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့

အမှတ်တရတွေ ၀ယ်ပေးဖူးတဲ့

စာအုပ်လေးလည်းရှိပါတယ်

လွမ်း...လွမ်းတဲ့စိတ်ကြောင့်

မျက်ရည်ကျတဲ့ရက်တွေမနည်း

အရမ်း..အရမ်းတွေ့ချင်ခဲ့တယ်

အချစ်ရဆုံးသော ချစ်သူရယ်

သတိရလို့ ထုတ်ကြည့်မိတယ်

အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့

အမှတ်တရတွေ ၀ယ်ပေးဖူးတဲ့

စာအုပ်လေးလည်းရှိနေဆဲ.....

ဇာတ်သိမ်းခန်း by ရာဝန yarwana yar wa na - Lyrics & Covers