menu-iconlogo
huatong
huatong
avatar

လေညာအရပ်ကအချစ်

Sai Htee Sainghuatong
bozemanmt1huatong
Lyrics
Recordings
သီချင်း - လေညာရပ်ကအချစ်

တေးဆို - စိုင်းထီးဆိုင်

မုတ်သုန်လေလို မြောက်ပြန်လေလို

ရာသီလေမျိုး မဟုတ်ပါ ကိုယ့်အချစ်က

အမြဲတမ်းအချိန်မရွေး

တိုက်ခက်နေတဲ့အရာ

ဟိုး တောင်ပေါ်နှင်းငွေ့လည်းပါရဲ့

ဟိုး တောင်ခြေ ခိုးငွေ့လည်းပါရဲ့

ဟိုး အင်းအိုင် ပင်လယ် သမုဒ္ဒရာ

ကန္တာရမကျန်အောင် အဝေးကြီးဝေးပြီ

အနီးကြီးနီးတဲ့

နှလုံးသားရဲ့ နယ်ပယ်ကလာ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

တိုက်နေခဲ့ တိုက်နေဆဲ

နောင်များလည်း တိုက်နေဦးမှာပဲ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

မင်းအဆင်သင့် မင်းပြင်နှင့်

ရင်ထဲအရောက် တိုးဝင်ခဲ့မှာပဲ

တုံ့ပြန်မှာကို မတုံ့ပြန်မှာကို

ပူပင်နေရိုး မရှိပါ ဘဝပေးက

တစ်လမ်းသွားပါပဲ မင်းသိစေဖို့ရာ

ကိုယ့်အမည်ဟာ ငြိမ်းချမ်းရေး နိမိတ်ပဲ

ကိုယ့်ရင်မှာ လောကအသက်ပါတယ်

ကိုယ့်အပြင်မှာ ပြေမယ် ညှင်းမယ်

လေမုန်တိုင်းထန်မယ် ရူးမလောက်ချစ်ပြီး

ချစ်သလောက် ရူးတဲ့

နှလုံးသားရဲ့ နယ်ပယ်ကလာ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

တိုက်နေခဲ့ တိုက်နေဆဲ

နောင်များလည်း တိုက်နေဦးမှာပဲ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

မင်းအဆင်သင့် မင်းပြင်နှင့်

ရင်ထဲအရောက် တိုးဝင်ခဲ့မှာပဲ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

တိုက်နေခဲ့ တိုက်နေဆဲ

နောင်များလည်း တိုက်နေဦးမှာပဲ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

မင်းအဆင်သင့် မင်းပြင်နှင့်

ရင်ထဲအရောက် တိုးဝင်ခဲ့မှာပဲ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

တိုက်နေခဲ့ တိုက်နေဆဲ

နောင်များလည်း တိုက်နေဦးမှာပဲ

လေညာအရပ်က အချစ်

လေညာအရပ်က အချစ်

မင်းအဆင်သင့် မင်းပြင်နှင့်

ရင်ထဲအရောက် တိုးဝင်ခဲ့မှာပဲ

More From Sai Htee Saing

See alllogo
လေညာအရပ်ကအချစ် by Sai Htee Saing - Lyrics & Covers