menu-iconlogo
huatong
huatong
avatar

အမေ့ရုပ်ရည်

Sai Htee Sainghuatong
phnixhuatong
Lyrics
Recordings
သီချင်း - အမေ့ရုပ်ရည်

တေးရေး - ကိုအုန်းမောင်

တေးဆို - စိုင်းထီးဆိုင်

မလွန်ဆန်နိုင်

သင်္ခါရ အမေ့ရဲ့ဘဝ

ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ

အရွယ်အို ဆံဖြူပြီ သွားကျိုးလို့

ပါးရေနားရေလည်း တွန့်လိပ်ပြီ

အမေ ဒီအရွယ်ထဲ

အလှပျက် နေပြီလား

ဒီအတွေးတွေ တွေးမိတော့လေ

မီးဖိုချောင်ထဲ အိုးမဲပေနေတဲ့

အမေ့အကဲတွေ လှမ်းကြည့်နေတုန်း

ဆံပင်တွေဖြူ သွားကျိုးပါစေ

ပါးရေနားရေတွေ တွန့်လိပ်ပါစေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

ဆံပင်တွေဖြူ သွားကျိုးပါစေ

ပါးရေနားရေတွေ တွန့်လိပ်ပါစေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

လူဘုံအလည် အမေလှုပ်ရှားရုန်းခဲ့တယ်

ဒဏ်တွေရယ် ဖိစီးချက်တွေ

ပိန်လှီနေ အရေတင်တဲ့အရိုးရုပ်နဲ့

အသံတွေတုန် ခါးလည်းကိုင်းခဲ့ပြီ

အမေ ဒီအရွယ်ထဲ

အလှပျက် နေပြီလား

ဒီအတွေးတွေ တွေးမိတော့လေ

အဝတ် ထိုင်လျှော်ရင်း

မမောပန်း နိုင်ရှာတဲ့

အမေ့အပြုံးတွေ ငေးကြည့်နေတုန်း

အရေတင်တဲ့ အရိုးဖြစ်ပါစေ

အသံတွေတုန် ခါးကိုင်းပါစေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

အရေတင်တဲ့ အရိုးဖြစ်ပါစေ

အသံတွေတုန် ခါးကိုင်းပါစေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

မပြင်ဆင်နိုင်

အမေအဝတ်အစားလေး ရှိတယ်

ဖျင်ပင်နီ ရင်ဖုံးအင်္ကျီ

အရောင်ပြယ်နေ

မာစရိုက် ပွင့်ရိုက်နဲ့

ထမိန်အဆင်ဟာ မွဲလွန်းနွမ်းလွန်းပြီ

အမေ့ ဒီအရွယ်ထဲ

အလှပျက် နေပြီလား

ဒီအတွေးတွေ တွေးမိတော့လေ

ဘုရားစင်ရှေ့နား ဝတ်ပြုနေလေတဲ့

အမေ့တရားသံ နားစိုက်နေတုန်း

အရွယ်အိုနေတဲ့ တစ်ဖက်မှာ

ပျိုရွယ်နေဆဲပဲလေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

အရွယ်အိုနေတဲ့ တစ်ဖက်မှာ

ပျိုရွယ်နေဆဲပဲလေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

ဆံပင်တွေဖြူ သွားကျိုးပါစေ

ပါးရေနားရေတွေ တွန့်လိပ်ပါစေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

အရေတင်တဲ့ အရိုးဖြစ်ပါစေ

အသံတွေတုန် ခါးကိုင်းပါစေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

အရွယ်အိုနေတဲ့ တစ်ဖက်မှာ

ပျိုရွယ်နေဆဲပဲလေ

အမေ့ရုပ်ရည် အမြဲလှနေတယ်

More From Sai Htee Saing

See alllogo