menu-iconlogo
huatong
huatong
avatar

Theingara Thachin Ta Bote

Sai Sai Kham Leng/Mg Mg Pyae Sonehuatong
canzius1huatong
Lyrics
Recordings
Oh yeah yeah yeah yeah

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်

အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ

ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့

ငါကပေးမယ် ဘဝတစ်ခုလုံးကို ရင်းပြီး

ချစ်ခွင့်ရှိမလား

ငါစိတ်ကူးတွေယဉ်နေမိခဲ့ စိတ်ကူးသက်သက်ဖြစ်နေမလား

ညတွေတိုင်းလည်း အိပ်မက်တွေမက် အိပ်မက်သက်သက်ဖြစ်နေမလား

ငါ့ရင်ထဲက အချစ်တွေက ပင့်သက်တွေရှိုက်လို့ကြွေကျ

နွေရာသီရဲ့ သစ်ရွက်ခြောက်လို မြေပြင်ပေါ်ပြန့်ကျဲကြေမွ

ငါလေဖွင့်မပြောရဲပါ နင့်အတွက်ရင်မောခဲ့တာ

တစ်ယောက်တည်း အတွေးတွေနဲ့ ချာချာလည် လွင့်မျောခဲ့ရ

တိတ်တခိုး တဖက်သက် ငါ နှစ်လကြာရှည်

နင်က ပစ်ချတာတွေ ငါ့ရဲ့အချစ်က ကဗျာတွေဖြစ်

ဆယ်ကျော်သက်တ စ်ယောက်လို ကျောင်းရှေ့ကိုသွားပြီး

နင့်ကို ခိုးခိုးပြီးရှိုး ပန်းစည်းတွေတမျိုးပြီးတော့တမျိုး

မရိုးအောင် ခိုးခိုးပြီးပို့ တဖြည်းဖြည်း တိုးတိုးပြီဆိုး

ငါ့မှာမင်းကို ဘုရင်မကြီးလို ရိုကျိုးမိလို့

ငါမပို့ဖြစ်တဲ့ message တွေဖုန်းထဲမှာအများကြီး

မပြောတတ် မဆိုတတ်နဲ့ ဖုန်းဆက်ဖို့အားမရှိ

မနေတတ် မထိုင်နဲ့တတ် မလုပ်တတ် မကိုင်တတ်

နင့်အနားက ဘဲလေးတွေနဲ့ယှဉ်တော့ ရှုံးနိမ့်လို့သွားပြီ

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်

အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ

ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့

ငါကပေးမယ်ဘဝတစ်ခုလုံးကို ရင်းပြီး

ချစ်ခွင့်ရှိမလား oh oh

ချစ်ခွင့်ရှိမလား

နင်အမြဲသုံးတဲ့ Facebook နဲ့ snap chat ကို follow လုပ်

Friend list မှာ add မရလို့ ဓာတ်ပုံတွေပဲ download

နင် status တွေ like လုပ်ရင်း အချိန်တွေက ကုန်မှာလား

တချိန်ချိန်ကျ ဆုံမှာလား နင်ငါအချစ်တို့ ယုံပါကွာ

မာနတွေအကုန်ခွာချ စိတ်တွေလည်း အချဉ်ပေါက်ပြီ

လျှောက်ပြန်သံပေး လုပ်နေရင်းနဲ့ တဖြည်းဖြည်း psycho ဖောက်သည်

ငါလေဂေါက်ပြီ အတွေးတွေထဲမှာ ဂယောက်ဂယက်နဲ့ တစ္ဆေလို ခြောက်ပြီ

ဒီပိုးက ဦးနှောက်ကို ရောက်ရှိ

နင်မုန်းသွားမှာကြောက်တဲ့စိတ်က ဗျောင်းသတ်နေပြီ

စိတ်ထဲမှာလုံးဝ ငါဖျောက်မရ အပ်ကြောင်းထပ်နေပြီ

တကယ်ပါ ကောင်းမြတ်တဲ့အချစ်တွေနဲ့ ငါပေါင်းစပ်ပါမည်

ငါ့နှလုံးသားက နင်အတွက် ဖြောင့်မတ်ပါ၏

အရိပ်လို နောက်ကလိုက် နင့်အနားနားပဲ တချိန်လုံး

ပုံရိပ်တွေခဲနဲ့ခြစ် ငါမလှမ်းမကမ်းက အချိန်ဖြုန်း

ဒါနင့်အတွက် ရေးစပ်ထားတဲ့ ခံစားချက်အကျဉ်းချုပ်

တချိန်မှာနင်နားဆင်နိုင်ဖို့ သိင်္ဂါရသီချင်းတစ်ပုဒ်

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်

အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ

ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့

ငါကပေးမယ်ဘဝတစ်ခုလုံးကို ရင်းပြီး

ချစ်ခွင့်ရှိမလား oh oh

ချစ်ခွင့်ရှိမလား

ချစ်ခွင့်ရှိမလား အပြစ်ဖြစ်ခဲ့ပြီလား

ငါဆိုတဲ့ကောင်က မင်းအတွက် မချစ်သင့်တဲ့သူလား

မဖြစ်နိုင်တာတွေတွေး စိတ်လေးပြီးငေါင်နေတာ

ရွယ်တူအပေါင်းအသင်းတွေနဲ့ ငါ့ကိုဝိုင်းလို့ လှောင်နေမလား

ဒီလိုနဲ့ငါ့ရဲ့အဖြစ်က ရှေ့ဆက်ဖို့လည်းခက်နေ

မင်းစိတ်နဲ့ညဖက်အိပ် မင်းစိတ်နဲ့နိုးတဲ့ မနက်တွေ

ငါ့မှာဂယက်တွေဖြစ်လို့ ရပ်ကွက်ထဲထိ နယ်ကျော်ခဲ့

အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်

မင်းနဲ့ငါ နှစ်လွှာပေါင်းတဲ့စွယ်တော်ရွက်

မင်းနဲ့ငါ နှစ်ယောက်ပေါင်းဖို့ ဘယ်တော့လဲ

ငါ့ဘဝက မင်းမရှိ လို့ ဘယ်ပျော်မလဲ

အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်

မင်းရဲ့အချစ်က ငါ့အတွက်မဟုတ်တောင်

ငါ့ရဲ့အချစ်က မင်းအတွက်ပဲ

ဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်မယ်ဆို

နင်ယုံကြည်ပါ

အချစ်နဲ့ထိတွေ့တဲ့အခါ ငါ့ရင်ထဲက ဆယ်ကျော်သက်

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်

အရာရာအားလုံး မင်းလက်ထဲမှာ ငါ့ဘဝ ကျရှုံးပြီ

ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့

ငါကပေးမယ်ဘဝတစ်ခုလုံးကို ရင်းပြီး

ချစ်ခွင့်ရှိမလား

More From Sai Sai Kham Leng/Mg Mg Pyae Sone

See alllogo