နောက်ဆုံးတော့
ငါရဲ့ဘဝက
နောက်ဆုံးတော့
မင်းရင်ခွင်
နောက်ဆုံးသော
ငါရဲ့အချစ်အတွက်
တစ်ယောက်တည်းသောဖူးစာရှင်
အရာရာအမြဲတမ်းနောက်ကျပြီးတော့
အထီးကျန်နေတဲ့ဘဝတစ်ခု
မီးလျှံထဲကနိုးထရအောင်
အသိဉာဏ်နဲ့ စေစားသူ
ဘဝတွေက အနေအထားမတူပေမယ့်
ဘယ်တော့မှပစ်ချမသွားဘူး
မင်းကငါ့အတွက် သစ္စာထားသူ
မင်းကကောင်းကင်ကကြွေကျသူ
အမှောင်ထုထဲကအလင်းတစ်ခုပေါ့
မင်းရဲ့ ချိုမြိန်တဲ့အချစ်
ကန္တာရလို ငါ့ရဲ့ဘဝအတွက်
အေးမြတဲ့ Oasis
မင်းသိတဲ့အတိုင်းပါပဲ
အကုန်လုံးတော့မပြည့်စုံဘူးပေါ့
ဒါပေမဲ့ နှစ်ယောက်အတူတွဲ
စွန့်စားမယ်အတွေ့အကြုံတစ်ခုနော်
လူတွေက တွေ့ဆုံကြုံကွဲ
လောကရဲ့နိယာမသဘော
နောင်လာမယ် ရတုအဆက်ဆက်
ငါ့ရဲ့ အနားမင်း ရှိမှာလားပြော
ငါဒီမှာမင်းနန္ဒာပေါ့
ရှင်မွေ့နွန်း မင်းဆန္ဒရော
ဒါမှမဟုတ်ပုံပြင်ထဲက
ခွန်ဆမ်လောနဲ့ နန်းဦးပျင်နော်
ဂန္ထဝင်မြောက်အချစ်တွေလိုမျိုး
ငါတို့ရဲ့ အမှတ်တရတွေပေါ့
ဆိုခဲစေမြဲစေ
မင်းနဲ့ငါလက်ထပ်ပါရစေတော့
ဟေး
ဘာဖြစ်ဖြစ်ချစ်မယ်
နှစ်လေးငါးခြောက်ဆယ်
အမြဲတမ်းအတူတူနေမယ်
ဘဝတစ်သက်စာလက်တွဲ
နင်အဝေးထွက်မသွားနဲ့
ငါထွေးဖက်ထားမယ်
ငါ့ပခုံးဦးထက်မှာ
မှေးစက်ပါအချစ်ရယ်
နှစ်လေးငါးခြောက်ဆယ်
ဘာမှ အချစ်တွေးကာမကြောက်နဲ့
စိုးရိမ်သောက ဗျာပါဒတွေ
မင်းရဲ့ အဝေးမှာ ပျောက်ကွယ်
ရှေ့ရေးကိုတွေးပြီး
စိတ်တွေ တထစ်လေးမှမင်းမလျှော့နဲ့
ငါကမင်းအလိုမကျလို့
စိတ်ကောက်တိုင်းလည်း
ဆံပင်လေးဖွရင်းချော့မယ်
ဘဝဆိုတာ ကြိုဖတ်ခွင့်မရတဲ့
ပြဌာန်းပြီးသားစာအုပ်တဲ့
အချစ်ဆိုတာ ဒီစာအုပ်ထဲမှာ
ကိုယ်တိုင်ရေးရမယ့် ကဗျာတစ်ပုဒ်ပဲ
နေ့ရက်တိုင်းက
အထိမ်းအမှတ်ပဲပေါ့
ရက်စွဲတွေလည်းအတိအကျနော်
လက်တွေ့ကရုပ်ရှင်မဟုတ်တော့
အခက်အခဲတွေလည်းရှိမှာပေါ့
တစ်ယောက်လဲရင်
တစ်ယောက်ထူပြီးတွဲ
ဆက်လျှောက်မယ် ဒီခရီးကို
မှောင်မိုက်တဲ့ သမုဒ္ဒရာကြီးထဲ
မင်းငါ့ရဲ့ နတ်သမီးလို
မင်းလက်ကို ဆုပ်ကိုင်ထားရင်
လောကကြီးကို ဘာမထီလို့
မင်းအတွက်အမြဲရှင်သန်နေမယ့်
မီးတောက်ထဲက ဇာမဏီလို
မာန်မာနမလိုအပ်ဘူး
ဘာအတွက်မှ သံသယမဆို
ဘဝတစ်ခုလုံးတာဝန်ယူပြီး
စောင့်ရှောက်မယ် သယံဇာတလို
ဦးဆွေးဆံမြည့်ပါပဲ
ဘယ်တော့မှ မဝေးဘူးငါတို့
မင်းပေးတဲ့ အချစ်တွေနဲ့
အရာရာတိုင်းအတွက် ကျေးဇူးပါလို့
ဟေး
ဘာဖြစ်ဖြစ်ချစ်မယ်
နှစ်လေးငါးခြောက်ဆယ်
အမြဲတမ်းအတူတူနေမယ်
ဘဝတစ်သက်စာလက်တွဲ
နင်အဝေးထွက်မသွားနဲ့
ငါထွေးဖက်ထားမယ်
ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ်
Na na na
na na na
na na
na na na
Na na na
na na na
na na
na na na
Na na na
na na na
na na
na na na
I, I, I freaking love you
Na na na
na na na
na na
na na na
Na na na
na na na
na na
na na na
Na na na
na na na
na na
na na na
I, I, I freaking love you
And I love you more
And I love you more
And I love you more and more and
More and more each day
And I love you more
And I love you more
And I love you more and more and
More and more each day
ဟေး..
ဘာဖြစ်ဖြစ်ချစ်မယ်
နှစ်လေးငါးခြောက်ဆယ်
အမြဲတမ်းအတူတူနေမယ်
ဘဝတစ်သက်စာလက်တွဲ
နင်အဝေးထွက်မသွားနဲ့
ငါထွေးဖက်ထားမယ်
ငါ့ပခုံးဦးထက်မှာ
မှေးစက်ပါအချစ်ရယ်
(ဒီနေ့ကစပြီး
နောက်နှစ်တွေအများကြီး
အများကြီးအထိ
နောက်ဆုံးထွက်သက်ရောက်တဲ့အထိ
ငါမင်းရင်ခွင်မှာပဲ အိပ်စက်ချင်တာ
တကယ်ပါ
I freaking love you)