လေလွင့်သူ 
မူရင်း-ရေး~အယ်ဖြူ ၊ဆို~လေးဖြူ 
 V:1ဘယ်လိုဖြေရမလဲ 
ပေါ့ပါးခြင်းနဲ့ဘဝ 
ဘယ်ကိုသွားမလဲ 
အတိအကျမသိတဲ့ 
ခရီးသည်တစ်ဦးရဲ့ညနေများ 
တစ်ညလုံး...ငါ့ရဲ့အနား 
သက်ပြင်းများကြွေကျ 
ညတိုင်းအိပ်မက်ထဲမှာ 
တစ်စုံတစ်ယောက်ငါ့ကို 
ရပ်....စောင့်နေတယ် 
လေနှင်ရာလွင့်ခဲ.... 
ငါ တိမ်တိုက်တစ်ခုပါပဲကွယ် 
ယုံကြည်ကိုးစားထားတဲ့ 
မင်းမျက်လုံးတွေ 
မှိတ်ပစ်လိုက်ပါကွယ် 
စိတ်ကူးနဲ့အိမ်မက်ရယ် 
တကယ်တမ်းဖြစ်မလာခဲ့ 
နေရစ်ခဲ့ပါကလေးရယ် 
ငါအဝေးဆုံးကိုပြေး...သွားချင်တယ် 
CHO:ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ 
ချစ်သူလေးရယ်မင်းအတွက်ပဲ 
မျှော်လင့်ခြင်းနဲ့ဖမ်းဆုပ်ထားတဲ့ 
လက်တွေအား...မဲ့သွားပြီကွယ် 
ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ 
ချစ်သူလေးရယ်မင်းအတွက်ပဲ 
အိုး....... 
အရောင်လွင့်လို့သွားပြီကွယ် 
အိပ်မက်ကလေးရဲ့ 
နောက်ဆုံး.............. 
ငါအဝေးဆုံးသွားချင်တယ် 
  V:2လေနှင်ရာလွင့်ခဲ့ 
ငါ တိမ်တိုက်တစ်ခုပါပဲကွယ် 
ယုံကြည်ကိုးစားထားတဲ့ 
မင်းမျက်လုံးတွေ 
မှိတ်ပစ်လိုက်ပါကွယ် 
စိတ်ကူးနဲ့အိမ်မက်ရယ် 
တကယ်တမ်းဖြစ်မလာခဲ့ 
နေရစ်ခဲ့ပါကလေးရယ် 
ငါအဝေးဆုံးကိုပြေးသွားချင်တယ် 
  CHO:ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ 
ချစ်သူလေးရယ်မင်းအတွက်ပဲ 
မျှော်လင့်ခြင်းနဲ့ဖမ်းဆုပ်ထားတဲ့ 
လက်တွေအားမဲ့သွားပြီကွယ် 
ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ 
ချစ်သူလေးရယ်မင်းအတွက်ပဲ 
မျှော်လင့်ခြင်းနဲ့ဖမ်းဆုပ်ထားတဲ့ 
လက်တွေအားမဲ့သွားပြီကွယ် 
ဘယ်လိုကြေကွဲမလဲ........... 
မျှော်လင့်ခြင်းနဲ့ဖမ်းဆုပ်ထားတဲ့ 
လက်တွေအားမဲ့သွားပြီကွယ် 
ဘယ်လိုကြေကွဲမလဲ 
ဘယ်လိုငိုကြွေးမလဲ 
ချစ်သူလေးရယ်မင်းအတွက်ပဲ 
မျှော်လင့်ခြင်းနဲ့ဖမ်းဆုပ်ထားတဲ့ 
လက်တွေအားမဲ့သွားပြီကွယ် 
ဘယ်လိုကြေကွဲမလ 
 Shile_Lwin