..Oh...ah...ha...
နေ့တိုင်း မင်းအကြောင်းတွေးမိနေသူ..yeah..
ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ ဖြစ်တည်မှု.....
ငါမင်းရဲ့ အပြုံးတွေနဲ့ ကမ္ဘာတည်ထားသူ
ငိုကြွေးမယ့် မျက်ရည်တွေ မမြင်ရက်ဆုံးလူ
ဒါငါ့ရဲ့ ဖြစ်တည်မှု မင်းမသိပါဘူး
တစ်ဖက်သတ် အချစ်က
ပင်ပန်းလွန်းလှတယ်
မသာယာပါကွယ် ဝေးဝေးလေးက
ငေးရတဲ့ဘဝမယ်
မင်းရဲ့ဘေးက လူချောလေးများနဲ့
မယှဉ်နိုင်ပါတယ် စိတ်အားငယ်.....
ငါသာ မင်းရဲ့ ချစ်သူဖြစ်ခွင့်ရရင်ကွယ်
ဒီကမ္ဘာလောကထဲမှာ အပျော်ရွှင်ဆုံးလူ
ငါပဲ ဖြစ်မယ် ထင်တယ်
နေ့တိုင်း မင်းအကြောင်းတွေးမိနေသူ
ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ ဖြစ်တည်မှု
ငါမင်းရဲ့ အပြုံးတွေနဲ့ ကမ္ဘာတည်ထားသူ
ငိုကြွေးမယ့် မျက်ရည်တွေ မမြင်ရက်ဆုံးလူ
ဒါငါ့ရဲ့ ဖြစ်တည်မှု မင်းမသိပါဘူး....
မင်းနဲ့ နီးဖို့ငါကြိုးစားတိုင်းလည်း
ပူထူလာတယ် စကားလေးတစ်ခွန်းတောင်
ပြောမထွက်တဲ့ ငါ့နှယ်
သတ္တိမရှိတဲ့သူမို့ ငါ့ဘဝထဲ
နင်ဝင်လာမယ် မထင်ထားရဲ....
တစ်ချိန်မှာ ငါ့ရဲ့အချစ်ကို
မင်းသိလို့လာမယ် ဆိုတဲ့အတွေးလေးနဲ့
ဒီကမ္ဘာမြေကြီးပေါ် ငါမင်းအတွက်ဖြစ်တည်ခဲ့
နေ့တိုင်း
မင်းအကြောင်းတွေးမိနေသူ...yeah...
ညတိုင်း မင်းကြောင့်အိပ်မရခဲ့ဘူး
စိတ်ကူးထဲလည်း မင်းတစ်ယောက်နဲ့ရူး
နင်မမြင်နိုင်တဲ့ ငါ့ရဲ့ဖြစ်တည်မှု
ငါမင်းရဲ့ အပြုံးတွေနဲ့ ကမ္ဘာတည်ထား...သူ
ငိုကြွေးမယ့် မျက်ရည်တွေ မမြင်ရက်ဆုံးလူ
ဒါငါ့ရဲ့ ဖြစ်တည်မှု မင်းမသိပါဘူး
...huuu...huuuu....
ဒါငါ့ရဲ့ ဖြစ်တည်မှု မင်းမသိပါဘူး