သီချင်း - အသက်ရှိသ၍
တေးဆို - စုံဖြိုး
TV ပေါ်မှာ
ဆေးကြော်ငြာလေးတွေ
တွေ့တဲ့အခါ မှာ
ခဏခဏဖျားတတ်တဲ့မင်းကို
ငါသတိရမိတာ
ငါဒီလောက်ထိချစ်ခဲ့တာ
ရေဒီယိုမှာ
ကားလမ်းပိတ်တဲ့အကြောင်းများ
ကြားတဲ့အခါ မှာ
ခဏခဏနောက်ကျတတ်တဲ့မင်းကို
ငါသတိရလာ
ငါဒီလောက်ထိလွမ်းခဲ့တာ
ငါ့ကိုယ်ငါထက် မင်းကို
ပိုယုံကြည်ထားခဲ့တယ်
ငါ့ကိုယ်ငါထက် မင်းကို
ပိုတန်ဖိုးထားတယ်
ငါ့ကိုယ်ငါထက်မင်းကို
ဂရုစိုက်ခဲ့မိတယ်
နင်ဒါတောင်မုန်းရက်တယ်
သူလည်း သူ့လမ်းသူလျှောက်မယ်
ကိုယ်လည်း
ကိုယ့်လမ်းကိုယ်လျှောက်တယ်
မဆုံနိုင်ဖြစ်တော့ပေမဲ့လည်းဟယ်
အသက်ရှိသ၍ ချစ်နေဦးမယ်
သူလည်း သူ့လမ်းသူလျှောက်ကွယ်
ကိုယ်လည်း
ကိုယ့်လမ်းကိုယ်လျှောက်မယ်
မဆုံနိုင်ဖြစ်တော့ပေမဲ့လည်းဟယ်
ငါအသက်ရှိသ၍ ချစ်နေမယ်
ပျော်ခဲ့ဖူးတဲ့
မင်းအပြုံးလေးတွေ
ဆင်တူဝတ်ခဲ့ဖူးတဲ့
လက်စွပ်လေးဟေ
တယ်လီဖုန်းလေးထဲက
မင်းရဲ့စကားသံတွေ
ဒီရင်ဘက်ထဲမှာပဲ
ငါသိမ်းထားပါ့မယ်
မင်းပြောတော့
ငါ့ကို ချစ်တယ်ဆို
ငါတစ်ယောက်တည်း
ချစ်လို့သွားမှာပါဆို
ငါတို့ဘယ်တော့မှ
မဝေးစေရဘူးလို့နင်
ဘာ့ကြောင့်ပြောခဲ့တာတုန်း
အကြောင်းအမျိုးမျိုးကြောင့်
ငါတို့ဝေးသွားခဲ့ရင်
အကြောင်းအမျိုးမျိုးကြောင့်
နင်ဘေးနားမရှိတော့ရင်
အကြောင်းအမျိုးမျိုးကြောင့်
ပြန်တွေ့ခွင့်မရတော့ရင်လို့
ငါစိုးရိမ်ခဲ့မိတယ်
ဒီဘဝမဟုတ်တော့
နောင်ဘဝချစ်ခွင့်ရပါစေ
ပျံသန်းသွားတဲ့ ငှက်ကလေး
လွတ်လပ်ပါစေ
နောင်ဘဝမင်းနဲ့ပြန်တွေ့ရင်
ချစ်ခွင့်ရပါစေ
ကိုယ့်အချစ် စစ်မှန်ခဲ့ရင်
သူလည်း သူ့လမ်းသူလျှောက်မယ်
ကိုယ်လည်း
ကိုယ့်လမ်းကိုယ်လျှောက်တယ်
မဆုံနိုင်ဖြစ်တော့ပေမဲ့လည်းဟယ်
အသက်ရှိသ၍ ချစ်နေဦးမယ်
သူလည်းသူ့လမ်းသူလျှောက်ကွယ်
ကိုယ်လည်း
ကိုယ့်လမ်းကိုယ်လျှောက်မယ်
မဆုံနိုင်ဖြစ်တော့ပေမဲ့လည်းဟယ်
အသက်ရှိသ၍ချစ်နေမယ်
ချစ်သူရယ်