Ready...!
1
2
3
Go...
မင်းကျေနပ်အောင်
မထားနိုင်တဲ့လူ
အမှားများတွေ့ရင်
အမှန်ပြင်ပေးမိသူ
စေတနာစကားများ
နားမှာခါးသလား.....
လောကကြီးထဲ
ကောင်းမွန်စွာနဲ့
လမ်းလျှောက်တတ်ရင်
ဒီအသည်းနှလုံးကို
ခွဲလိုက် စိတ်လိုက် ပိုင်းလိုက်
ငါမလိုချင်ပါဘူး
မင်ရဲ့တုံ့ပြန်မှု
တစ်နေ့နေ့အမြင့်ကို
ပျံသန်းသွားရင်
နင်ခွဲခဲ့..ထားခဲ့..မေ့ခဲ့
ငါ့ရင်ခွင်ကို..
?
Ready...!
1
2
3
Go...
ထပ်ဖန်တလဲလဲ
မင်းညာနေလည်း
အခုတော့မင်းကို
ပစ်မသွားရက်သူ
ဒဏ်ရာများနဲ့
မွေ့လျော်တဲ့သူ
လောကကြီးအကြောင်း
နားမလည်ပါဘူး
ဘဝရဲ့အဓိပ္ပါယ်
မသိသေးတဲ့အရွယ်
ချစ်လိုက် မုန်းလိုက်
ကစားလိုက်
ငါမလိုချင်ပါဘူး
မင်းရဲ့တုံ့ပြန်မှု
တစ်နေ့နေ့အမြင့်မှာ
ပျံသန်းသွားရင်
နင်ခွဲခဲ့..ထားခဲ့..မေ့ခဲ့
ငါ့ရင်ခွင်ကို..
ဟိုးအမြင့်မှာပျံတဲ့တစ်နေ့
ငါ့စကားတိုင်းဟာ
မှန်တဲ့တစ်နေ့
မင်းဘဝမှာငါ့ကို
နောက်တစ်ခါ သတိရရင်
ငါ့အတွက်.အားလုံး.ပြည့်စုံ
မလိုချင်ပါဘူး
မင်းရဲ့တုံ့ပြန်မှု
တစ်နေ့နေ့ အမြင့်မှာ
ပျံသန်း သွားရင်
နင်ခွဲခဲ့..ထားခဲ့..မေ့ခဲ့
ငါ့ရင်ခွင်ကို..
-------------
မလိုချင်ပါဘူး
မင်းရဲ့တုံ့ပြန်မှု
--------------
နင်ခွဲခဲ့..ထားခဲ့..မေ့ခဲ့
ငါ့ရင်ခွင်ကို..
--Thanks--