ပင်လယ်ပျော်
Music&Artists: Square Lake Pirates
2025-09-25
Intro: 00:16 Sec
3
2
1
GO…!
လေပြည်ညင်းများဟာ
ပြတင်းတံခါးမှ ဝင်ရောက်လာ
စင်ရော်ငှက်တို့ဟာ လမ်းပြနေရှာ
သောင်ပြင် ကမ်းစပ်ကခွာ
တက်တွေ ရွက်တွေ ဖွင့်လို့သာ
လေဆန်အတိုင်း ခရီးနှင်လာ
-,-,-,-,-,-,-
မဟူရာလှိုင်းလုံးများဆီ
ထိပ်တိုက်တိုးဝင် အံတုကာ
လေထန်မိုးသည်းနှင်းမြူ ကျတဲ့နေ့တွေမှာ
ပျော်စရာ တေးသွားလေးဆိုငြီးရင်း
ကခုန်ကြတဲ့အခါ
ပင်လယ်ကြီးလည်း အသက်ဝင်လာ
-,-,-,-,-,-,-
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူးရားဟူ⁓⁓
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူးရာဟူး⁓⁓
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူရာဟူး⁓⁓⁓
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူရာဟူ⁓⁓⁓⁓
-,-,-,-,-,-,-
ရေလျင်တိုင်းမြောပါ
ကျွန်းပေါင်းများစွာ ကျော်ဖြတ်လာ
ပင်လယ်ခရီးတစ်ထောက် ခိုနားဖို့နေရာ
ဒီတစ်ခါ ကမ်း ကပ်တဲ့
သင်္ဘောဆိပ်ကို ရောက်တဲ့အခါ
ကြည်လင်စွာ စိတ်လက် အပန်းဖြေပါ
-,-,-,-,-,-,-
ရေနဲ့ စားနပ်ရိက္ခာ
လောက်ငှစွာ သယ်ခဲ့ပါ
ဘာတွေ ထပ်တွေ့ကြုံမလဲ မသိနိုင်တာ
သူငယ်ချင်းလေး
မင်းငါတို့နဲ့အတူ လိုက်ခဲ့မလား
ရင်ခုန်ရမယ့် ခရီးစဉ်မှာ
-,-,-,-,-,-,-
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူးရားဟူ⁓⁓
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူးရာဟူး⁓⁓
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူရာဟူး⁓⁓⁓
ဟူးရားရား ဟူးရားရား
ဟူးရားရား ဟူရာဟူ⁓⁓⁓⁓
-,-,-,-,-,-,-
တို့တွေ ရည်မှန်း ထားတဲ့ ပန်းတိုင်
ရောက်အောင် ရွက်လွှင့် ကြမယ်လေ
တို့တွေ ရည်မှန်း ထားတဲ့ ပန်းတိုင်
ရောက်အောင် ရွက်လွှင့် ကြစို့လေ
-,-,-,-,-,-,-
[ တို့တွေ ရည်မှန်း ထားတဲ့ ပန်းတိုင် ]
[ ရောက်အောင် ရွက်လွှင့် ကြမယ်လေ ]
[ တို့တွေ ရည်မှန်း ထားတဲ့ ပန်းတိုင် ]
[ ရောက်အောင် ရွက်လွှင့် ကြစို့လေ ]
ဟူးရားရား ဟူးရားရား ဟူး...