menu-iconlogo
huatong
huatong
avatar

မေ့လိုက်တော့

ထူးအိမ်သင်huatong
Mr_USoehuatong
Lyrics
Recordings
မေ့လိုက်တော့

တေးဆို... ထူးအိမ်သင်

ယုံကြည်တာတွေအားလုံး

စွန့်လွှတ်ခဲ့ပါတယ်

တို့အချစ်ကဆုံနိုင်ဖို့သိပ်မလွယ်

ရေမှာအရုပ်ရေးမိသူလိုဘဲ

အချစ်ဟာအရာမထင်တယ်

ပျော်မယ်ဆိုနေခဲ့ပေါ့ချစ်ရတဲ့သူရယ်

အရှုံးပေးခဲ့ပြီကျေနပ်တော့ကွယ်

ရေလိုဘဝအေးမြပါစေအချစ်ရယ်

တို့ဆုတောင်းပါတယ်

ပန်းခင်းလမ်းဘဲလျှောက်ပါအချစ်ကလေးရယ်

ခရောင်းတောထဲကတို့ကိုထားခဲ့ကွယ်

ချစ်ခဲ့ကြတဲ့အဖြစ်ဟာအိပ်မက်ဘဲ

မင်းဘဝနေ့သစ်ရောက်ပြီမေ့လိုက်ကွယ်

အိုး...အိုး...အို...

မေ့လိုက်တော့အချစ်ကလေးရယ်

ကြင်နာတာတွေအားလုံးမေ့ပစ်လိုက်ပါကွယ်

နိုးတစ်ဝက်တို့အိပ်မက်လေးပျက်ပြယ်

နာကြင်နေတဲ့နှလုံးသားငိုနေလဲ

မင်းပျော်ပါစေကွယ်

ရင်မှာမျှော်လင့်ထားသမျှဆုံးရှုံးခဲ့ပေမယ့်

မင်းဘဝအတွက်ကိုယ်ကျေနပ်မိတယ်

ဒါတွေတစ်နေ့မင်းနားလည်မယ်အချစ်ရယ်

နှုတ်ဆက်သွားပါကွယ်

ပန်းခင်းလမ်းဘဲလျှောက်ပါအချစ်ကလေးရယ်

ခရောင်းတောထဲကတို့ကိုထားခဲ့ကွယ်

ချစ်ခဲ့ကြတဲ့အဖြစ်ဟာအိပ်မက်ဘဲ

မင်းဘဝနေ့သစ်ရောက်ပြီမေ့လိုက်ကွယ်

အိုး...အိုး...အို...

မေ့လိုက်တော့အချစ်ကလေးရယ်

အိုး...အိုး...အို...

မေ့လိုက်တော့အချစ်ကလေးရယ်

ယုံကြည်တာတွေအားလုံး

စွန့်လွှတ်ခဲ့ပါတယ်

တို့အချစ်ကဆုံနိုင်ဖို့သိပ်မလွယ်

ရေမှာအရုပ်ရေးမိသူလိုဘဲ

အချစ်ဟာအရာမထင်တယ်

ရင်မှာမျှော်လင့်ထားသမျှဆုံးရှုံးခဲ့ပေမယ့်

မင်းဘဝအတွက်ကိုယ်ကျေနပ်မိတယ်

ဒါတွေတစ်နေ့မင်းနားလည်မယ်အချစ်ရယ်

နှုတ်ဆက်သွားပါကွယ်

ပန်းခင်းလမ်းဘဲလျှောက်ပါအချစ်ကလေးရယ်

ခရောင်းတောထဲကတို့ကိုထားခဲ့ကွယ်

ချစ်ခဲ့ကြတဲ့အဖြစ်ဟာအိပ်မက်ဘဲ

မင်းဘဝနေ့သစ်ရောက်ပြီမေ့လိုက်ကွယ်

အိုး...အိုး...အို...

မေ့လိုက်တော့အချစ်ကလေးရယ်

မေ့ပစ်လိုက်အချစ်ရယ်

မေ့လိုက်တော့အချစ်ကလေးရယ်

မေ့ပစ်လိုက်အချစ်ရယ်

မေ့လိုက်တော့အချစ်ကလေးရယ်

မေ့ပစ်လိုက်အချစ်ရယ်

မေ့လိုက်တော့အချစ်ကလေးရယ်

ကျေးဇူးတင်ပါတယ်

More From ထူးအိမ်သင်

See alllogo
မေ့လိုက်တော့ by ထူးအိမ်သင် - Lyrics & Covers