ကိုယ်စိုက်သောသစ်ပင်
တေးရေး -
တေးဆို - ဆုန်သင်းပါရ်
ကိုယ်စီရည်ရွယ် လျှောက်သောလမ်းမှာ
တို့လျှောက်မယ့်လမ်းရဲ့လှေကားထစ်တိုင်းမှာ
ညင်ညင်သာသာ ကိုယ်တိုင်နင်းတက်
တို့ရည်ရွယ်လမ်းမရဲ့ကျေးဇူးတရားပါ
ဘယ်သူ ဘယ်မှာ ဘာအကြောင်းကြောင့်မှ
မနာလိုစိတ်တော့ မရှိထားခဲ့သင့်ပါ
ပြိုင်ဆိုင်ရန်လို ယှဉ်ပြိုင်တိုက်ခိုက်
ကိုယ့်အပေါ်မှာ ကောင်းကြောင်းနဲ့
မကောင်းကြောင်းများစွာ
အိုး အို့ အို .... ဖြူစင်သော မေတ္တာ
အိုး အို့ အို .... တို့စိုက်တဲ့ အသီးဟာ
ဒီမြေပေါ်မှာ တို့စိုက်တဲ့သစ်ပင်
ခူးဆွတ်မယ့်အသီးနဲ့အပွင့်မှာ
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးလက်က ရလက်ထက် သာလွန်စေမှာ
ဒီမြေပေါ်မှာ တို့စိုက်တဲ့သစ်ပင်
ခူးဆွတ်ရတဲ့ တစ်နေ့မှာ
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးသူလက်က ရသူထက်တော့ သာစမြဲပါ
ဘယ်သူ ဘယ်မှာ ဘာအကြောင်းကြောင့်မှ
မနာလိုစိတ်တော့ မရှိထားခဲ့သင့်ပါ
ပြိုင်ဆိုင်ရန်လို ယှဉ်ပြိုင်တိုက်ခိုက်
ကိုယ့်အပေါ်မှာ ကောင်းကြောင်းနဲ့
မကောင်းကြောင်းများစွာ
အိုး အို့ အို .... ဖြူစင်သော မေတ္တာ
အိုး အို့ အို .... တို့စိုက်တဲ့ အသီးမှာ
ဒီမြေပေါ်မှာ တို့စိုက်တဲ့သစ်ပင်
ခူးဆွတ်မယ့်အသီးနဲ့အပွင့်မှာ
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးလက်က ရလက်ထက် သာလွန်စေမှာ
ဒီမြေပေါ်မှာ တို့စိုက်တဲ့သစ်ပင်
ခူးဆွတ်ရတဲ့ တစ်နေ့မှာ
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးသူလက်က ရသူထက်တော့ သာစမြဲပါ
ဒီမြေပေါ်မှာ တို့စိုက်တဲ့သစ်ပင်
ခူးဆွတ်မယ့်အသီးနဲ့အပွင့်မှာ
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးလက်က ရလက်ထက် သာလွန်စေမှာ
ဒီမြေပေါ်မှာ တို့စိုက်သောသစ်ပင်
ခူးဆွတ်မယ့်အသီးနဲ့အပွင့်အား
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးသူလက်က ရသူထက်တော့ သာစမြဲပါ
ဖြူစင်စေတနာ စိတ်ထား ဘဝသည် ခုခါကံတရား
ပေးသူလက်ဟာ ရသူထက်တော့ သာဦးမှာ