menu-iconlogo
huatong
huatong
avatar

ရွှေရေစက်

u00a0ဆုန်သင်းပါရ်huatong
pasqualelenohuatong
Lyrics
Recordings
သီချင်း - ရွှေရေစက်

တေးဆို - ဆုန်သင်းပါရ်

အိုက်တင်လေးပေးမှ တစ်ချို့ကကြိုက်တယ်

အရိုင်းပန်းတစ်ပွင့် ငါ့မှာဒီဇိုင်းဆန်းဆန်း

ခေတ်ပေါ် မြို့သူများလိုမဟုတ်လည်း

မင်းကတွဲမှာပဲလား ရေး ... ရေး

သာမန်ငါ့မိဘ အသိုင်းဝိုင်းကြားမှာ

မင်းနဲ့ငါရဲ့ တို့စရိုက်တွေ တို့အကြိုက်တွေ

လုံး .. လံံုံးဝကိုကွဲပြား နေတာလဲ

အံ့သြဖို့ကောင်းသား

မင်း အရူးမူးဖြစ်ဖို့ မဆွဲဆောင်ပဲနဲ့

လာကြွေကြွေနေတာ ဘာကြောင့်လဲ

အားလုံးထဲမှာ မျက်စိလည်လမ်းမှား

ရှားရှားပါးပါး ရည်းစားလေး

လူအားလုံးထဲ မင်းနဲ့ငါနဲ့က

ကြံကြံဖန်ဖန်လာဆုံတယ် ဒါဟာရေစက်ပဲ

ဒီလောကဟာ လှည့်ကွက်သိပ်များ

မင်းနဲ့ငါနဲ့ ဆန့်ကျင်ဘက်လို

တို့စရိုက်တွေ တို့အကြိုက်တွေ

လုံးဝကို ကွဲပြားနေတာလဲ

အံ့သြဖို့ကောင်းသာ

ဘယ်လိုပဲဖြစ်ဖြစ် တို့ကတော့ချစ်တယ်

နောက်တော့လည်း ငါတို့ဟာ

ကိုယ့်ဘက်က လိုအပ်တာလေးတွေ

စဉ်းစားပြီး ပြုပြင်သွားကြရင်ပြီးရော

နားလည်မှုနဲ့ချစ်ကြ

(ရှေးရှေးဘဝက) ရေစက်တွေပဲလား

ဒီလို အားလုံးထဲ မျက်စိလည်လမ်းမှား

ရှားရှားပါးပါး ရည်းစားလေး

လူအားလုံးထဲ မင်းနဲ့ငါနဲ့က

ကြံကြံဖန်ဖန်လာဆုံတယ် ဒါဟာရေစက်

ဒီလို အားလုံးထဲ မျက်စိလည်လာသလား

ရှားရှားပါးပါး ရည်းစားလေး

လူအားလုံးထဲ မင်းနဲ့ငါနဲ့က

ကြံကြံဖန်ဖန်လာဆုံတယ် ဒါဟာရေစက်ပဲ

ရေး .. ခုဘဝ ခဏလေး ကုန်မှာစိုး

မင်းနဲ့ကြုံဆုံ ရှေးကရေစက်

ရှေ့ဆက် ဆုံဆည်းခွင့်ဒီတန်ဖိုး

ဇမ္ဗူရာဇ် ရွှေလိုပဲ ရေစက်

တို့များရေစက် တို့များရဲ့ရေစက်

ရွှေလိုတန်ဘိုးရှိတယ်

More From u00a0ဆုန်သင်းပါရ်

See alllogo