သီချင်း - လက်ရှိ
တေးဆို - ဆုန်သင်းပါရ် ၊ ရတနာဦး
ကမ္ဘာကိုကျော်တဲ့ ဂူဗိမာန်
အိန္ဒိယက တာ့ဂျ်မဟာ
ဒီလိုအလွမ်းတွေ
မင်းရင်မှာ သိမ်းဆည်းကာထားမလား
ပြော ပြော
ဟေ့ ကောင်ကလေး ရင်ခုန်နေရုံလေး
အကြင်နာတွေ မင်း ခံစားနိုင်ပြီ
မင်းအိမ်မက်များ သာမန်ပုံမှန်အတိုင်း
မဖြစ်နိုင်တာတွေ မမှန်းနဲ့
အို ကွေကွင်းသွားမှ လွမ်းကြမယ့်အစား
ဆုံနိုင်တုန်း ချစ်ကြမယ်
အိန္ဒိယက အလွမ်းဗိမာန်မျိုး
အချစ်လေးမသွားနဲ့ကွယ်
လက်ရှိ အချစ်သာအသေချာဆုံးပဲ
ဒီကိုတည့်တည့်ကြည့်
ဘေးမှာငါရှိတယ် ဟိုဒီမှန်းမျှော် မငိုမလွမ်းနဲ့
လက်ရှိငါ့အချစ်တွေ မင်းအတွက်ဖြစ်တယ်
ဟေ့ ကောင်ကလေး ရင်ခုန်နေရုံလေး
ဒီလိုကြာရင် ရူးမယ်
ဖြစ်ပြီးပျက်သွား ဒါသဘာဝပဲ
ဒီအရာရာဘာမှ မထူးတယ်
အပျက်စီးများအား အစွန့်လွတ်နိုင်တဲ့
လူတွေလည်းရှိကြတယ်
အိန္ဒိယက အလွမ်းဗိမာန်ထဲ
အချစ်လေးမစောင့်နဲ့ကွယ်
လက်ရှိအချစ်သာအသေချာဆုံးပဲ
ဒီကိုတည့်တည့်ကြည့် ဘေးမှာငါရှိတယ်
ဟိုဒီမှန်းမျှော် မငိုမလွမ်းနဲ့
လက်ရှိငါ့အချစ်တွေ မင်းအတွက်ဖြစ်တယ်
အလွမ်းတွေသိုလှောင်ထားရာ တာ့ဂျ်မဟာ
မင်းသွားမလား ပြော ပြော
ဒဏ္ဍာရီမဟုတ်ဘူး ပုံပြင်မဟုတ်ဘူး
ပဂတိချစ်သူ လာမှာတွေ ကြိုတွေး
ကုန်ဆုံးတဲ့အတွက် ပူဆွေး
ဒါမျိုးမဟုတ်ဘူး .. ဒါမျိုးမဟုတ်ဘူး
လက်ရှိအချစ်သာ အသေချာဆုံးပဲ
ဒီကိုတည့်တည့်ကြည့် ဘေးမှာငါရှိတယ်
ဟိုဒီမှန်းမျှော် မငိုမလွမ်းနဲ့
လက်ရှိငါ့အချစ်တွေ မင်းအတွက်ဖြစ်တယ်
လက်ရှိအချစ်က အဓိကပါပဲ
ကျန်တာထားလိုက် ဘာမှအရေးမကြီးနဲ့
လက်ရှိအချစ်က လက်တွေ့ဘဝပဲ
အို လက်ရှိ ငါဒီမှာ မင်းအတွက်ပဲ
လက်ရှိအချစ်က အဓိကပါပဲ
ကျန်တာထားလိုက် ဘာမှအရေးမကြီးနဲ့
လက်ရှိအချစ်က လက်တွေ့ဘဝပဲ
အို လက်ရှိ ငါဒီမှာ မင်းအတွက်ပဲ