menu-iconlogo
huatong
huatong
avatar

သီချင်းမရှိတဲ့ဂစ်တာ

u00a0ဆုန်သင်းပါရ်huatong
zimodeleuzehuatong
Lyrics
Recordings
သီချင်း - သီချင်းမရှိတဲ့ဂစ်တာ

တေးဆို - ဆုန်သင်းပါရ်

ဆောင်းနှင်းလေးများကြားက

ထိုင်ခုံတန်းလျားလေးမှာလေ

ဂီတာလေး ထွက်ပြေးဆော့လို့နေ

ကြင်နာသူလက်ကလေး

အသာအယာ ကိုင်တွယ်ကြည့်တော့နူးညံ့

အတွေးလေးများ ဆွတ်ပျံ့

တို့ရဲ့အနားမှာ မင်းက

ဟိုတုန်းက သီချင်းတွေ ဆို

ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ

ကြားခွင့် မရတော့အောင်

အဝေးကြီး မင်းထွက်သွားတော့

ဒီဂီတာငယ်ဟာ သံစဉ်ပျောက်

ပိုင်ရှင်လေးကင်းမဲ့ အသည်းထဲ

ရင်ခုန်ခြင်းက ကြိုးများလျော့

မင်းမရှိတဲ့အခါ တို့ဘဝ

သီချင်းမရှိတဲ့ ဂီတာ

ဝမ်းနည်းတဲ့ ညများထဲ

ဂီတာလေးလည်း လွမ်းနေသလို

သံစဉ်များအားလုံးလို တိတ်ဆိတ်

ရင်ခုန်တာတောင် အသံတွေ တိုး

ဟိုစဉ်ပျော်စရာကောင်းတဲ့ သီချင်းများ

အိမ်မက်ထဲလည်း မကြား

အဖော်မဲ့ခဲ့သူလေး ဘဝ

သီချင်းမရှိတဲ့ ဂီတာ

ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ

ကြားခွင့် မရတော့အောင်

အဝေးကြီး မင်းထွက်သွားတော့

ဒီဂီတာငယ်ဟာ သံစဉ်ပျောက်

စည်းချက်မှားခဲ့ အသည်းမှာလေ

အချစ်ရဲ့ ကြိုးများလျော့

အို မင်းမရှိတဲ့အခါ တို့ဘဝ

သီချင်းမရှိတဲ့ ဂီတာ

မနက်ဖက်တိုင်း တို့နိုးတော့

အပြင်ကို နားစွင့်မိရင်လေ

သံစဉ်များအားလုံးလို တိတ်ဆိတ်

ရင်ခုန်တာတောင် အသံတွေ တိုး

ဟိုစဉ်ပျော်စရာကောင်းတဲ့ သီချင်းများ

အိမ်မက်ထဲလည်း မကြား

အဖော်မဲ့ခဲ့သူလေး ဘဝ

သီချင်းမရှိဂီတာ

ရင်ခုန်ဖူးခဲ့တဲ့ တေးသွားများ

ကြားခွင့် မရတော့အောင်

အဝေးကြီး မင်းထွက်သွားတော့

ဒီဂီတာငယ်ဟာ သံစဉ်ပျောက်

ပိုင်ရှင်လေးကင်းမဲ့ အသည်းထဲ

ရင်ခုန်သံတွေက ကြိုးလျော့

မင်းမရှိတဲ့အခါတို့ဘဝ

သီချင်းမရှိတဲ့ ဂီတာ

အို မင်းမရှိတဲ့အခါတို့ဘဝ

သီချင်းမရှိတဲ့ ဂီတာ

ဒူဒူးဒူးဒူးဒူ ... ဒူဒူးဒူးဒူးဒူ

More From u00a0ဆုန်သင်းပါရ်

See alllogo