menu-iconlogo
logo

မမေးနဲ့

logo
Lyrics
ဒဏ်ရာတွေ လာပေးတဲ့ ကလေးငယ်

ပြန်မြင်ယောင်နေဆဲ

မိုးတွေ သဲမဲ ရွာနေဆဲ

အဆင်ပြေတယ်မလား

မင်းမို့ မေးရက်တယ်

ပေါက်ကရလေးဆယ်

ငါ့ရင်ထဲ ပြောစရာ စကားမဲ့....

.....Yeah

စီးကရက် တစ်လိပ်ကုန်သွားတိုင်း

လွမ်းဆွေးခြင်းတွေ အားလုံး

မှုတ်ထုတ်လိုက်တယ်

အငွေ့ထဲမှာပျောက်

ဂျင်းဘောင်းဘီ ဒူးပြဲ

ရင်ဘတ်က ဟောင်းလောင်းပေါက်နဲ့

ပေတစ်ရာ လမ်းမပေါ်

တစ်ဗွေတည်း ငါလျှောက်

အခြေအနေ ဘယ်လိုလဲဆိုတော့

အခုထိ ကွဲနေတုန်း

ဘယ်သူနဲ့မှ ငါအဆင်မပြေဘူး

မူးပြီး အလွဲတွေလုပ်

TEQUILA ပုလင်းနဲ့

နားကြပ်ထဲမှာ POST MALONE

မင်းကလွဲရင် မမြင်တော့တဲ့

ကိုယ့်မျက်လုံး.....

ဒဏ်ရာတွေ လာပေးတဲ့ ကလေးငယ်

ပြန်မြင်ယောင်နေဆဲ

မိုးတွေ သဲမဲ ရွာနေဆဲ

အဆင်ပြေတယ်မလား

မင်းမို့ မေးရက်တယ်

ပေါက်ကရလေးဆယ်

ငါ့ရင်ထဲ ပြောစရာ စကားမဲ့....

ဝိတွေ သောက်နေတုန်းလားလို့

ငါ့ကို မမေးနဲ့...

အိမ်ပြန်နောက်ကျတဲ့ အကြောင်းတွေ

မမေးနဲ့...

အခုထိ လွမ်းနေသေးလားလို့

မမေးနဲ့....

နင် မမေးနဲ့...

မျက်ရည်ကျတာလားလို့

နင် ငါ့ကို မမေးနဲ့...

ငါ တန်ဖိုးထားတဲ့ အကြောင်းတွေ

မမေးနဲ့....

ဘာကြောင့် တို့တွေဝေးရတာ

ငါ့ကို မမေးနဲ့....

မမေးနဲ့..(Yeah)

မမေးနဲ့.. Yeah Yeah

အဆင်ပြေနေတယ်ဆိုတဲ့ သတင်းပဲ

စောင့်နေတယ် ကိုယ်မင်းဆီ

ပြန် လာ မယ် ထင်ပြီးတော့

ကြောက်မနေနဲ့

ဒီနှစ်ထဲ အသည်းကွဲလို့

လူ ဘယ်နှယောက်သေလဲ

အခု လမ်းဘေးပလက်ဖောင်းမှာ

တကယ်မှောက်နေတယ်

ရောက်နေတဲ့ နေရာဟောင်းတွေဆီ

မင်းရဲ့ဘေးမှာ ရှိနေတုန်းက

သေမှာ ကြောက်နေမိ

မေးခွန်းတိုင်းအတွက်

အဖြေက ပျောက်နေပြီ

ဘယ်ဆရာဝန်မှ ကုသမရတဲ့

စိတ်ဝေဒနာတွေ ရောက်နေပြီ

INSTAGRAM မှာ BLOCL

FACEBOOK မှာ BLOCK

ဖုန်းနံပါတ်တွေ BLOCK

ကိုယ့်ရဲ့လမ်း ကိုယ်လျှောက်

နှလုံးသွေးကြောလည်း

မတည်ငြိမ်ဘူး...

ဦးနှောက်ပါခြောက်

အကျင့်ဖြစ်နေပြီ ညဆို

အိပ်ဆေးနှစ်လုံးလောက် ငါသောက်

ကိုယ်ဆိုတာ မင်းအတိတ်က

အခြွေအရံ အဆင့်သာဖြစ်

ပျော်အောင်နေ ဘဝသစ်မှာ

ရေကန်အသင့် ကြာအသင့်

မတော်တဆများ လူကြုံနဲ့တောင်

နေကောင်းလားမမေးနဲ့

မင်း ကိုယ့်လို နာကျင်လာရင်

တရားနဲ့ ဖြေဖျောက်ပါ ကလေးရယ်...

ဒဏ်ရာတွေ လာပေးတဲ့ ကလေးငယ်

ပြန်မြင်ယောင်နေဆဲ

မိုးတွေ သဲမဲ ရွာနေဆဲ

အဆင်ပြေတယ်မလား

မင်းမို့ မေးရက်တယ်

ပေါက်ကရလေးဆယ်

ငါ့ရင်ထဲ ပြောစရာ စကားမဲ့....

ဝိတွေ သောက်နေတုန်းလားလို့

ငါ့ကို မမေးနဲ့...

အိမ်ပြန်နောက်ကျတဲ့ အကြောင်းတွေ

မမေးနဲ့...

အခုထိ လွမ်းနေသေးလားလို့

မမေးနဲ့....

နင် မမေးနဲ့...

မျက်ရည်ကျတာလားလို့

နင် ငါ့ကို မမေးနဲ့...

ငါ တန်ဖိုးထားတဲ့ အကြောင်းတွေ

မမေးနဲ့....

ဘာကြောင့် တို့တွေဝေးရတာ

ငါ့ကို မမေးနဲ့....

မမေးနဲ့..(Yeah)

မမေးနဲ့.. Yeah Yeah

အနာဂါတ် (တစ်ယောက်တည်း)

နောက်ကြောင်း (ပြန်မလှည့်)

အမာရွတ် (ကျန်ခဲ့)

အတိတ်ဟောင်း (ချန်ခဲ့)

မကြင်သော သူမကိုမှ

ပလ္လင်ပေါ်တင်တော့

ငါ့ရုပ်ကြီးနဲ့လွမ်းလို့ ငိုနေရတာ

အမြင်မတော်

အရင်ကထက် အစားတွေပိုစားပြီး

ဆံပင်ရှည်ပါညှပ်လိုက်လို့

တိုသွားပြီ

ဘယ်လိုစပြီး နေနိုင်ခဲ့လဲဆိုတော့

တဖြည်းဖြည်းပဲ ကိုယ့်အနား

ရှိစဉ်ကတည်းက

မင်းက သွေးအေးတဲ့

အနီးဆုံးကနေ ဝေးဝေးခဲ့.....

ဝိတွေ သောက်နေတုန်းလားလို့

ငါ့ကို မမေးနဲ့...

အိမ်ပြန်နောက်ကျတဲ့ အကြောင်းတွေ

မမေးနဲ့...

အခုထိ လွမ်းနေသေးလားလို့

မမေးနဲ့....

နင် မမေးနဲ့...

မျက်ရည်ကျတာလားလို့

နင် ငါ့ကို မမေးနဲ့...

ငါ တန်ဖိုးထားတဲ့ အကြောင်းတွေ

မမေးနဲ့....

ဘာကြောင့် တို့တွေဝေးရတာ

ငါ့ကို မမေးနဲ့....

မမေးနဲ့..(Yeah)

မမေးနဲ့.. Yeah Yeah

အဆင်ပြေလား မမေးနဲ့

ပျော်စရာတွေပဲ ငါပေးမယ်

မလိုချင်ရင်ပြော ထွက်ပေးမှာ

နင်ဟာ အပေါ်ယံများကို ရွေးချယ်

အဆင်ပြေလား မမေးနဲ့

ပျော်စရာတွေပဲ ငါပေးမယ်

မလိုချင်ရင်ပြော ထွက်ပေးမှာ

နင်ဟာ အပေါ်ယံများကို ရွေး...ချယ်...

ကျေးဇူးတင်ပါတယ်