menu-iconlogo
huatong
huatong
avatar

သူ - Xbox

X-Boxinhuatong
★ℙUTU➺★ᎽЅ★huatong
Lyrics
Recordings
♀️ သူ အနားနား

အမြဲတမ်းဝဲပျံနေ တဲ့

စိတ်ကူးလေးတွေ

ပန်းနုနု အရောင်ဖြာသွေးစေခဲ့

သူ စကားများ

အလှပဆုံးအရောင်တွေ ဆေးခြယ်

သူ နှုတ်ခမ်းပါး ဟာ

မှတ်မိစရာ အရသာ ချောကလက်

မိန်းကလေး မို့ ရှက်တတ်တယ်

သူပြောတဲ့ စကားလုံးများက

နားထဲ ကဗျာတွေ ထင်လဲ

လွတ်ကျသွားတဲ့ ပန်းကလေးရယ်

ရင်မှာ ဆူး.. အိုး

‌မျောနေပြီ

နာရီများရပ်လို့သွားချိန် သူရှိမည်

ပုန်းနေ ဝှက်ထားတဲ့ သူ့ အတွေးတွေကို

သူ ‌ပေးတဲ့ အလွမ်းတွေ အနမ်းတွေ

သူ့ရဲ့ ကမ္ဘာကြီးထဲမှာ

ရှိနေရုံလေးသာ

သူသိမှာစိုး

♂️ ငါအံ့ဩတယ်

မြှားနတ်မောင်က တိုးတိုးလေးပြန်ပြောတယ်

မင်းထိုက်နဲ့မင်း အလဲအကွဲ ခံတော့တဲ့

စွဲလမ်းခြင်းတွေထုတ်ပိုးပြီး အိမ်ပြန်တော့မယ်

မသိနိုင်ဘူး သူ့စိတ်ကဘယ်သူ့ဆီရောက်

နီးစပ်ခွင့်ရအောင် လမ်းတွေတူးပြီးဖောက်

ရင်ဘတ်ထဲမှာ ဆူးပြီးအောင့်

မင်းမသိတဲ့ ငါ့ဘဝဟာ

သကြားခဲလေးအတွက် ခါးစရာ

မလာပါနဲ့ကွာ

ကမ္ဘာတွေခြားတာ

စိတ်မရှိနဲ့ မိန်းကလေးရယ်

အသည်းနှလုံးနဲ့ရင်းကာ ငါဖွင့်ပြောမယ်

သူသာ ငြင်းလိုက်ရင်

ကုမရတဲ့အရူးတစ်ယောက်လို

Miss you .. Miss you .........

တိတ်တခိုးနဲ့ Miss you ...... yeah

သူ့ အနားနား ရောက်တာနဲ့

ခံစားချက်တွေကိုဖွက်ပြီးထား

ဖြူစင်တဲ့တစ်ဖက်သတ်အချစ်ဆိုတာ

ပျက်စီးမသွား ဘယ်တော့မှ

ဖွင့်မပြောပေမဲ့ ချစ်ရတဲ့

နတ်သမီးတစ်ပါး

♀️ မိန်းကလေး မို့ ရှက်တတ်တယ်

သူပြောတဲ့ စကားလုံးများက

နားထဲ ကဗျာတွေ ထင်လဲ

လွတ်ကျသွားတဲ့ ပန်းကလေးရယ်

ရင်မှာ ဆူး.. အိုး

‌မျောနေပြီ

နာရီများရပ်လို့သွားချိန် သူရှိမည်

ပုန်းနေ ဝှက်ထားတဲ့ သူ့ အတွေးတွေကို

သူပေးတဲ့ အလွမ်းတွေ အနမ်းတွေ

သူ့ရဲ့ ကမ္ဘာကြီးထဲမှာ

ရှိ‌နေရုံလေးသာ

သူသိမှာစိုး

♂️ တစ်ခါတလေ ဆန္ဒပြချင်တဲ့

ပြည်သူတစ်ယောက်လို ခံစားရတယ်

ထုတ်ဖော်ခွင့်မရတဲ့အချိန်ကျတော့လဲ

လာရာလမ်းအတိုင်းပဲ ပြန်သွားရတာပဲ

သူ သိတောင် မသိပါဘူး

Sensitive ဖြစ်လွန်းတဲ့ နှလုံးသား

ဖုံးဖိမရတဲ့ရင်တွင်းဖြစ်စကားလုံးများကို

ဖွင့်ပြောခါနီးမှ သူတစ်ချက်လှည့်ကြည့်ရုံမှာတင်

‌နောက်ပြန်လှည့် ဒီတစ်ခါလဲပဲ ငါကျရှုံးသွား

♀️ မိန်းကလေး မို့ ရှက်တတ်တယ်

သူပြောတဲ့ စကားလုံးများက

နားထဲ ကဗျာတွေ ထင်လဲ

လွတ်ကျသွားတဲ့ ပန်းကလေးရယ်

ရင်မှာ ဆူး.. အိုး

‌မျောနေပြီ

နာရီများရပ်လို့သွားချိန် သူရှိမည်

ပုန်းနေ ဝှက်ထားတဲ့ သူ့ အတွေးတွေကို

သူပေးတဲ့ အလွမ်းတွေ အနမ်းတွေ

သူ့ရဲ့ ကမ္ဘာကြီးထဲမှာ

ရှိနေရုံလေးသာ

သူသိမှာစိုး

More From X-Boxin

See alllogo