သီချင်း - တွေ့ဆုံခွင့်
တေးဆို - ဝိုင်ဝိုင်း
လူဆိုတာအားနည်းနေသမျှ
ပြည့်စုံခြင်းဆိုတဲ့ကံတရား
မျှော်လင့်ရင်းမောနေ
အချိန်ရှိတိုင်းပျော်စရာတွေပဲ
ဒို့တွေ့ဖို့မလွယ်တော့လေ
တစ်ယောက်တည်းငါအထီးကျန်
ရင်ခုန်သံနှိပ်စက်လှည့်စား
အချစ်နဲ့အမုန်းဒီလမ်းနှစ်သွယ်ကြား
လည်ပတ်ရင်းမဆုံးနိုင်
ကမ္ဘာမြေရဲ့တနေရာမှာတော့
အားပေးမဲ့သူရှိမယ်တွေ့ချင်သေးတယ်
အဆွေးနှလုံးသားနဲ့လူပါ
အကြင်နာလက်တို့ကမ်းလိုက်အုံး
အချစ်ဆိုတာကိုယ့်ရဲ့ဘဝမှာ
အိပ်မက်လောက်သာ
အားငယ် ဖေးကူသူမရှိ
အကောင်းဆုံးအချစ်မဟုတ်တောင်မှ
အဖော်မွန်အစစ်နဲ့တွေ့ချင်တယ်
ကိုယ့်အပေါ်မှာအရင်းနှီးဆုံးလူ
သူစိမ်းများကြားမှာရှိရင်
အရာရာပြည့်စုံမလား
မင်းကိုတွေ့ဆုံခွင့်ပေးပါ
လူဆိုတာအားနည်းနေသမျှ
ပြည့်စုံခြင်းဆိုတဲ့ကံတရား
မျှော်လင့်ရင်းမောနေ
ကမ္ဘာမြေရဲ့တနေရာမှာတော့
အားပေးမဲ့သူရှိအုံးမယ်တွေ့ချင်သေးတယ်
အဆွေးနှလုံးသားနဲ့လူပါ
အကြင်နာလက်တို့ကမ်းလိုက်အုံး
အချစ်ဆိုတာကိုယ့်ရဲ့ဘဝမှာ
အိပ်မက်လောက်သာ
အားငယ် ဖေးကူသူမရှိ
အကောင်းဆုံးအချစ်မဟုတ်တောင်မှ
အဖော်မွန်အစစ်နဲ့တွေ့ချင်တယ်
ကိုယ့်အပေါ်မှာအရင်းနှီးဆုံးလူ
သူစိမ်းများကြားမှာရှိရင်
အရာရာပြည့်စုံမလား
မင်းကိုတွေ့ဆုံခွင့်ပေးပါ