menu-iconlogo
huatong
huatong
avatar

မိုးရဲ့အကြည့်

yan nainghuatong
ᴊᴜɴɪᴏʀ~ғʀɪ’ᴢ🇲🇲huatong
Lyrics
Recordings
မိုးရဲ့အကြည့်

ရန်နိူင်

ဆုံခဲ့ဖူးတဲ့ ဒီမိုးတစ်နေ့ဆီ

ရင်ခုန်သံ ရွက်လွှင့်ခဲ့ပြီ

အတိတ်ဟာ သာယာငြိမ်းချမ်းလွန်းနေသည်

ဝသန်ရဲ့မိုးထဲဆုံတွေ့ခဲ့ပြီ .......

အညိုရောင်မျက်ဝန်းလေးများဆီ

ညို့ငင် သာယာလွမ်းတေး ကျူးနေမိ

တိမ်ညိုတွေရယ် မျောလွင့်နေဆဲ ......

သူလေ ဘယ်ဆီနေလည်းမသိ

လေနှင်ရာသူ အဝေးဆုံး နှင်ပြီ

ဒီရင်ခွင်ကို သူမေ့ခဲ့ပြီ ......

လွင်ပြင်ဆီမှာ ရွာတဲ့မိုးတွေ

ရင်ကိုသွန်းဖြိုး စိုနစ်ခဲ့ပြီ

တိုင်းရှစ်ခွင်အုံ့မှိုင်း မိုးသားများရယ်

ညိုရီမျက်ဝန်းအထိ

ကံကြမ္မာကို မလွန်ဆန်ခဲ့ပါ

စေရာ မင်းလေး ထွက်ပြေးခဲ့ပြီ

အတိတ်တို့ဟာ နင်ထားခဲ့တဲ့အတိုင်းငါ

ဒီမြေကမ္ဘာအဆုံးအထိ

မိုးရဲ့အကြည့် ........

♥️♥️♥️

ဆုံခဲ့ဖူးတဲ့ ဒီမိုးတစ်နေ့ဆီ

ရင်ခုန်သံ ရွက်လွှင့်ခဲ့ပြီ

အတိတ်ဟာ သာယာငြိမ်းချမ်းလွန်းနေသည်

ဝသန်ရဲ့မိုးထဲဆုံတွေ့ခဲ့ပြီ .......

အညိုရောင်မျက်ဝန်းလေးများဆီ

ညို့ငင် သာယာလွမ်းတေး ကျူးနေမိ

တိမ်ညိုတွေရယ် မျောလွင့်နေဆဲ ......

သူလေ ဘယ်ဆီနေလည်းမသိ

လေနှင်ရာသူ အဝေးဆုံး နှင်ပြီ

ဒီရင်ခွင်ကို သူမေ့ခဲ့ပြီ ......

လွင်ပြင်ဆီမှာ ရွာတဲ့မိုးတွေ

ရင်ကိုသွန်းဖြိုး စိုနစ်ခဲ့ပြီ

တိုင်းရှစ်ခွင်အုံ့မှိုင်း မိုးသားများရယ်

ညိုရီမျက်ဝန်းအထိ

ကံကြမ္မာကို မလွန်ဆန်ခဲ့ပါ

စေရာ မင်းလေး ထွက်ပြေးခဲ့ပြီ

အတိတ်တို့ဟာ နင်ထားခဲ့တဲ့အတိုင်းငါ

ဒီမြေကမ္ဘာအဆုံးအထိ

မိုးရဲ့အကြည့် ........

လွင်ပြင်ဆီမှာ ရွာတဲ့မိုးတွေ

ရင်ကိုသွန်းဖြိုး စိုနစ်ခဲ့ပြီ

တိုင်းရှစ်ခွင်အုံ့မှိုင်း မိုးသားများရယ်

ညိုရီမျက်ဝန်းအထိ

ကံကြမ္မာကို မလွန်ဆန်ခဲ့ပါ

စေရာ မင်းလေး ထွက်ပြေးခဲ့ပြီ

အမြဲတမ်းငါ ကြေကွဲ တမ်းတလွမ်းနေ

ဒါတွေ သူတော့မသိ...

မိုးရဲ့.....အကြည့် ........

Uploaded by Junior Kyaw Hein(Friend Zone)

More From yan naing

See alllogo

You May Like