menu-iconlogo
huatong
huatong
avatar

ဒုက္ခိတ

Yaw Yazthuatong
mirajmirajhuatong
Lyrics
Recordings
သီချင်း း ဒုက္ခိတ

တေးဆို း Yaw Yazt

ရှေ့ဆက်လျောက်ဖို့ ငါ့မှာအားအင်တွေမရှိပါဘူး

ဒီရင်မှာဝမ်းနည်းမှုတွေ လူတွေတကယ်မသိပါဘူး

အပေါင်းအသင်းတွေ ကျောင်းစိမ်းဝတ်စုံလေးနဲ့ကျောင်းတက်ချိန်မှာ

ဒုက္ခိတလေးကျွန်တော်ဟာ ဝှီးချဲလေးနဲ့ အိမ်မှာ

ရည်မှန်းချက်မထားရဲပါ ပန်းတိုင်ဆိုတာတကယ်တော့အဝေးကြီး

ကျွန်တော်ပြေးပြီးဆော့ကစားချင်ခဲ့ အိပ်မက်လေးဆီ

ဘဝရဲ့နိဗ္ဗာန်ဆိုတာ စိတ်ခံစားမှုသက်သက်ပါ

အခုဘဝမှာကျေပါစေတော့ အတိတ်ကဝ񒃵ကြွေးများ

နား၂ဖက်မကြား စွံ့အနေခဲ့တာ ကိုယ်အင်္ဂါအပြည့်အစုံမပါသော

ငါ့ရဲ့ခြေလက်များ မသန်စွမ်းလို့သတ်မှတ် အမည်တပ်ကြတယ်

ဒဏ်ရာတွေ ရင်ထဲမှာအများကြီးပဲဟေ့

ငါဟာ အားလုံးရဲ့နောက်က နေရာလေးတစ်ခုမှာ

ကျုံ့ကျုံ့လေးထိုင်ပြီးတော့ အရာရာအရှုံးပေးထားတာပါ

ခင်ဗျားတို့ကျော်တက်သွားပါ ရှေ့သို့ကျော်တက်သွားပါ

လောကကြီးမှာတိတ်တိတ်လေးနေရင်းနဲ့တိတ်တဆိတ် သေသွားတော့မှာ

ငါ့ရဲ့အဖြစ်က ဒုက္ခိတဘဝပါကွာ ငါချစ်တဲ့ပုရိသ က္ကထိယတွေရဲ့ဘေးမှာ

အသိမ်ငယ်ဆုံးသော နှလုံးသားလေးသာပြယုဂ်တစ်ခုပါ

ဒီအဖြစ်ဆိုးများကြောင့် အမေ့မျက်ရည်တွေဝဲလာ

စိတ်ဓါတ်တွေတဖုန်းဖုန်းကျ မိသားစုအတွက်ငါ အရှုပ်ထုပ်များလား

ကျွန်တော်လူပိုမဖြစ်ချင်ဘူးဗျာ တတ်စွမ်းသလောက်အလုပ်လုပ်ပြမှာ

ဖြစ်သင့်တာလုပ်နေတဲ့အချိန်မှာ ဖြစ်ချင်တာတွေဆုံးရှုံးသွားတာ

အမုန်းဆုံးဘဝမှာ လူဆိုတာ ကံကြမ္မာစေခိုင်းတဲ့အရုပ်၁ရုပ်လားဗျာ

မသန်ပေမယ့်စွမ်းတယ် ကျွန်တော်လူမိုက်တွေလို မဆိုးပါဘူး

မသန်ပေမယ့်စွမ်းတယ် ကျွန်တော် သူများပစ္စည်းမခိုးပါဘူး

ရိုးသားစွာအခု စိတ်ဓါတ်တွေကိုနိူးကြား နိူးထလာသူ အဆိုးကြားမှာအတူဘေးမှာ

အမြဲရှိခဲ့တဲ့ အမေ့ကိုလည်းကျွန်တော်ချစ်တယ် အလုပ်ကြိုးစားပိုက်ဆံတွေရလာရင်

ကစားကွင်းတွေလိုက်ပို့မယ် အဲ့လိုပြောတဲ့အမေ ကာတွန်းကားတွေကို သူ့သားငယ်လေး

ကြိုက်လို့တဲ့ အခွေဆိုင်မှာပြေးဝယ် နောက်ပြီးအနေအထိုင်ကမရွေ့တဲ့

ကျွန်တော့်ကိုလည်း ထမင်းစားချိန်တိုင်းခွံ့လို့ မငြိုမငြင် အမေထိုင်ကာကျွေးတယ်

ငါဟာ အားလုံးရဲ့နောက်က နေရာလေးတစ်ခုမှာ

ကျုံ့ကျုံ့လေးထိုင်ပြီးတော့ အရာရာအရှုံးပေးထားတာပါ

ခင်ဗျားတို့ကျော်တက်သွားပါ ရှေ့သို့ကျော်တက်သွားပါ

လောကကြီးမှာတိတ်တိတ်လေးနေရင်းနဲ့တိတ်တဆိတ် သေသွားတော့မှာ

ငါ့ရဲ့အဖြစ်က ဒုက္ခိတဘဝပါကွာ ငါချစ်တဲ့ပုရိသ က္ကထိယတွေရဲ့ဘေးမှာ

အသိမ်ငယ်ဆုံးသော နှလုံးသားလေးသာပြယုဂ်တစ်ခုပါ

ဒီအဖြစ်ဆိုးများကြောင့် အမေ့မျက်ရည်တွေဝဲလာ

ဖြစ်နိူင်ရင် တခြားသောကလေးတွေလို ကျွန်တော် ကျောင်းတက်ချင်တယ်ဗျာ

ဖြစ်နိူင်ရင်ကလေးဘဘာဝသူငယ်ချင်းတွေနဲ့ခုန်ပေါက်ပြေးလွှားချင်တယ်ဗျာ

ဖြစ်နိူင်ရင် ဝှီးချဲလေးပေါ်ကဆင်းပြီး ကျွန်တော် လမ်းလျောက်ချင်တယ်ဗျာ

ဖြစ်နိူင်ရင် ဆင်းရဲလွန်းတဲ့အမေ့ကိုကျွန်တော်ပြုစုချင်တယ်ဗျာ

ဟေ့ ဘဝကခါးတယ် ဒီအိပ်မက်ဆိုးတွေကြားထဲက ရုန်းထွက်ချင်တယ်

အသိဉာဏ်ဖွင့်ဖြိုးမှုအားနည်းသောငါ့မှာ အခွင့်အရေးဆိုတာ ဘယ်တော့မှမရပါ

အထင်သေးနေတာ လူတချို့ရဲ့အကြည့်များ

ငါဟာ အားလုံးရဲ့နောက်က နေရာလေးတစ်ခုမှာ

ကျုံ့ကျုံ့လေးထိုင်ပြီးတော့ အရာရာအရှုံးပေးထားတာပါ

ခင်ဗျားတို့ကျော်တက်သွားပါ ရှေ့သို့ကျော်တက်သွားပါ

လောကကြီးမှာတိတ်တိတ်လေးနေရင်းနဲ့တိတ်တဆိတ် သေသွားတော့မှာ

ငါ့ရဲ့အဖြစ်က ဒုက္ခိတဘဝပါကွာ ငါချစ်တဲ့ပုရိသ က္ကထိယတွေရဲ့ဘေးမှာ

အသိမ်ငယ်ဆုံးသော နှလုံးသားလေးသာပြယုဂ်တစ်ခုပါ

ဒီအဖြစ်ဆိုးများကြောင့် အမေ့မျက်ရည်တွေဝဲလာ

More From Yaw Yazt

See alllogo