မနိုးပါစေနဲ့မိုးရယ် 
ကိုင်ဇာ 
မိုးတိမ်တွေ မည်းနက်ရိပ်နဲ့ 
အာကာပြင်မှာ ထင်ခြယ် 
လျှပ်နွယ်လျှပ်ပန်း ငှက်များရဲ့ 
အော်မြည်သံတို့ ကြောက်စဖွယ် 
မင်းဟိုတစ်ခါ ပြောဖူးခဲ့တဲ့ 
ဒဏ္ဏာရီလေး ရှိတယ် 
မိုးခြိမ်းရင် မေ့ရဲ့ရင်မှာ 
ကြောက်စိတ်တွေ ဝင်မိတယ် 
ကောင်းကင်ကို မော့ကြည့်ရင်နဲ့ 
ရင်မှာ ပူပင်လာတယ် 
အခုဆိုရင် မင်းကလေးတစ်ယောက် 
ကြောက်နေရှာရော့တော့မယ် 
ထိုစဉ်မှာ မင်းပုန်းစရာ 
မောင့်ရင်ခွင်လေးနွေးသလို 
ချစ်သူဆီ ထီးကိုယူလို့ 
ပြေးလာနေမိတော့တယ် 
မေအိပ်တဲ့ အုတ်ဂူလေးထက်မှာ ... 
မောင် ထီးကလေးမိုးကာ ပေးပါ့မယ် 
ဒီမိုးကလေး တိတ်ကာမသွားထိအောင် 
စောင့်ကာ နေပါမယ် .... 
မေအိပ်တဲ့ အုတ်ဂူလေးနွေးအောင် 
လက်ကလေးနဲ့ ထွေးကာပွေ့ထားမယ် 
ရေစက်လေးများ ရွှဲစိုကာချမ်းလွန်းပါစေ 
မပြန်သေးပါကွယ် .... 
မိုးရွာတာ ရပ်လိုက်ပေးပါ 
ဒေဝါအမ္မုန်ရှင်ရယ် 
တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ် 
ချမ်းနေရှာရော့တော့မယ် 
ပျော်ရွှင်စွာ သူ့ရဲ့အုတ်ဂူ 
ဖြူဖြူအိမ်ကလေးထဲမှာ 
မှေးပျော်ကာ အိပ်နေတာလေး 
မနိုးပါစေနဲ့ မိုးရယ် .... 
မိုးတိမ်တွေ မည်းနက်ရိပ်နဲ့ 
အာကာပြင်မှာ ထင်ခြယ် 
လျှပ်နွယ်လျှပ်ပန်း ငှက်များရဲ့ 
အော်မြည်သံတို့ ကြောက်စဖွယ် 
မင်းဟိုတစ်ခါ ပြောဖူးခဲ့တဲ့ 
ဒဏ္ဏာရီလေးရှိတယ် 
မိုးခြိမ်းရင် မေ့ရဲ့ရင်မှာ 
ကြောက်စိတ်တွေ ဝင်မိတယ် 
ကောင်းကင်ကို 
မော့ကြည့်ရင်းနဲ့ ရင်မှာပူပင်လာတယ် 
အခုဆိုရင် မင်းကလေးတစ်ယောက် 
ကြောက်နေရှာရော့တော့မယ် 
ထိုစဉ်မှာ မင်းပုန်းစရာ 
မောင်ရင်ခွင်လေး နွေးသလို 
ချစ်သူဆီထီးကိုယူလို့ 
အပြေးလာနေမိတော့တယ် .... 
မေအိပ်တဲ့ အုတ်ဂူလေးထက်မှာ 
မောင် ထီးကလေး မိုးကာပေးပါ့မယ် 
ဒီမိုးကလေး တိတ်ကာမသွားထိအောင် 
စောင့်ကာ နေပါမယ် .... 
မေအိပ်တဲ့ အုတ်ဂူလေးနွေးအောင် 
လက်ကလေးနဲ့ ထွေးကာ ပွေ့ထားမယ် 
ရေစက်လေးများ ရွှဲစိုကာ ချမ်းလွန်းပါစေ 
မပြန်သေးပါကွယ် ..... 
မိုးရွာတာ ရပ်လိုက်ပေးပါ 
ဒေဝါအမ္မုန်ရှင်ရယ် 
တောင်းပန်တယ် ကျွန်တော့ရဲ့အချစ် 
ချမ်းနေရှာရော့တော့မယ် 
ပျော်ရွှင်စွာ သူ့ရဲ့အုတ်ဂူ 
ဖြူဖြူအိမ်ကလေးထဲမှာ 
မှေးပျော်ကာ အိပ်နေတာလေး 
မနိုးပါစေနဲ့ မိုးရယ် .... 
မိုး ..ရွာ တာ ရပ်လိုက်ပေးပါ 
ဒေဝါအမ္မုန်ရှင်ရယ် 
တောင်းပန်တယ် ကျွန်တော့ရဲ့အချစ် 
ချမ်းနေရှာရော့တော့မယ် 
ပျော်ရွှင်စွာ သူ့ရဲ့အုတ်ဂူ 
ဖြူဖြူအိမ်ကလေးထဲမှာ 
မှေးပျော်ကာ အိပ်နေတာလေး 
မနိုးပါစေနဲ့ မိုး ..ရယ် .. 
ကျေးဇူးတင်ပါတယ်