အဖော်မွန် 
ကိုင်ဇာ၊ဟေမာနေဝင်း 
F တစ်ကိုင်းတည်းနားတဲ့ ငှက်လေးတွေ 
သိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ချစ်သူနဲ့ပဲလေ 
F ပန်းကလေးများလည်းပွင့်ဖူးနေ 
သိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ 
တပွင့်တည်းပွင့်လို့လေ 
F မိုးမြင့်ထက်ကကြယ်လေတွေသိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ ချစ်သူနဲ့ပဲလေ 
F လပြည့်ဝန်းကြီးသာလို့နေ သိပ်ပျော်မှာပဲလေ 
M မပျော်နိုင်ဘူး မမော်နိုင်ဘူး 
တစ်ကိုယ်တည်းသမားမို့လေ 
ဘဝစိုပြေဖို့ရာလေ တစ်ဦးတယောက်ထဲပဲမနေ 
အဖော်ရှိမှလည်းအမြဲတစေ 
လန်းဆန်းပြုံးပျော်မလေ 
F ခုလိုအတူတွဲကာလေ အနုလှစကားလေတွေ 
ဆိုပြောနေတော့ဖြစ်လေ အသည်းထဲသိပ်ပျော်နေ 
တစ်ကိုင်းတည်းနားတဲ့ 
ငှက်လေးတွေ သိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ချစ်သူနဲ့ပဲလေ 
M+F တို့ဘဝများလဲသည်သို့ပေ ခွဲမနေချင်ဘူးလေ 
ဒီကမ္ဘာထဲ အတူတူတွဲ တသက်မခွဲဘူးအချစ်ရေ 
F တစ်ကိုင်းတည်းနားတဲ့ ငှက်လေးတွေ 
သိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ချစ်သူနဲ့ပဲလေ 
F ပန်းကလေးများလည်းပွင့်ဖူးနေ 
သိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ 
တစ်ပွင့်တည်းပွင့်လို့လေ 
F မိုးမြင့်ထက်ကကြယ်လေတွေသိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ ချစ်သူနဲ့ပဲလေ 
F လပြည့်ဝန်းကြီးသာလို့နေ သိပ်ပျော်မှာပဲလေ 
M မပျော်နိုင်ဘူး မမော်နိုင်ဘူး 
တစ်ကိုယ်တည်းသမားမို့လေ 
ဘဝစိုပြေဖို့ရာလေ တစ်ဦးတယောက်ထဲပဲမနေ 
အဖော်ရှိမှလည်းအမြဲတစေ 
လန်းဆန်းပြုံးပျော်မလေ 
F ခုလိုအတူတွဲကာလေ အနုလှစကားလေတွေ 
ဆိုပြောနေတော့ဖြစ်လေ အသည်းထဲသိပ်ပျော်နေ 
တစ်ကိုင်းတည်းနားတဲ့ငှက်လေးတွေ 
သိပ်ပျော်မှာပဲလေ 
M ပျော်မှာပေါ့ မော်မှာပေါ့ချစ်သူနဲ့ပဲလေ 
M+F တို့ဘဝများလဲသည်သိုပေ ခွဲမနေချင်ဘူးလေ 
ဒီကမ္ဘာထဲ တူတူတွဲ တသက်မခွဲဘူးအချစ်ရေ