menu-iconlogo
huatong
huatong
avatar

ကျေးတောသူ

ကျော်သီဟhuatong
nathalie_bchuatong
Letras
Grabaciones
သီချင်း - ကျေးတောသူ

တေးဆို - ကျော်သီဟ

အပြာရောင် မိုးကောင်းကင်အောက်မှာပဲ

ရွှေအိုရောင်စပါးခင်းများရယ် လေတိုက်ရာနွဲ့

မင်နေတယ် မြက်ခင်းစိမ်းများရယ်

သဘာ၀တရားအလှအပကို

အရောင်ထင်နေသေး

ထိုစဉ် ချောင်းငယ်နဘေး

၀င်ရောက်လာတဲ့ အရိုင်းပန်းလေးရယ်

မြင်ကွင်းအစုံထဲ နံ့သာဖြူကို ပါးပါးလေးခြယ်

ဒီရင်ထဲ အေးချမ်းသွားအောင် သူဆောင်ယူပေး

မြင်မြင်ချင်းပဲ ချစ်မိတယ်

သူ့အလှကိုပြောရင် အလင်္ကာစာဆိုတောင် မမီဘူးကွယ်

မြို့ကြီးသား ဒီလိုရူးသွပ်အောင် စွဲလန်းမိပါတယ်

ဘင်ဂျိုသံလေး ကိုယ်ပေးနေခဲ့ သူလာရာ ဒီလမ်းမထက်၀ယ်

ငယ်ပေါင်းအစုံနဲ့ မျှော်ကာနေသူ ရေအိုးလေးသယ်

လူကို ခိုးခိုးပြီးလာကြည့်နေတတ်သူ မျက်၀န်းလေးများရယ်

မြင်မြင်ချင်းပဲ ချစ်မိတယ်

သူ့အလှကိုပြောရင် အလင်္ကာစာဆိုတောင် မမီဘူးကွယ်

မြို့ကြီးသား အသက်ရှုမှားလို့သွားအောင်

ညို့ယူထားတဲ့ ပျိုနှမငယ်

ဖြူဝါညက်အသားလေး၀င့်ကြွား ပိတုန်းရောင်အလှကေသာများ

လူးလွန့်လို့ရယ်လွင့်ပါး

သူယောင်အလှဆင်ကာထား

မေ့ဖျောက်လို့မရပါ

အမြင်အာရုံထဲ လာတိုး၀င်ငြိတွယ်ကာသွား

သူ့ပုံရိပ်များ

ဘင်ဂျိုသံလေး ကိုယ်ပေးနေခဲ့

သူလာရာ ဒီလမ်းမထက်၀ယ်

ငယ်ပေါင်းအစုံနဲ့ မျှော်ကာနေသူ ရေအိုးလေးသယ်

လူကို ခိုးခိုးပြီးလာကြည့်နေတတ်သူ မျက်၀န်းလေးများရယ်

မြင်မြင်ချင်းပဲ ချစ်မိတယ်

သူ့အလှကိုပြောရင် အလင်္ကာစာဆိုတောင် မမီဘူးကွယ်

မြို့ကြီးသား ဒီလိုအသက်ရှုမှားလို့သွားအောင်

ညို့ယူထားတဲ့ ပျိုနှမငယ်

မေ့ဖျောက်မရနိုင်တဲ့ အချစ်မျိုးနဲ့

ယုံကြည်ပါ ကြင်ကြင်နာနာ မြတ်နိုးပါ့မယ်

ဒီလူမေတ္တာဖွင့်ကာ ပြောမိပါတယ် ကျေးလက်သူနှမငယ်

ဒီလူမေတ္တာဖွင့်ကာ ပြောမိပါတယ် ကျေးလက်သူနှမငယ်

ဒီလူမေတ္တာဖွင့်ကာ ပြောမိပါတယ် ကျေးလက်သူနှမငယ်

Más De ကျော်သီဟ

Ver todologo