ဝေးရမှာတွေးကြောက်နေသူ
ကြိုးကြာ
အနိုင်အရှုံးကို ယှဉ်ပြိုင်တဲ့အခါ
အို ကိုယ့်ဘက်အနိုင်မင်းပေးပါကွာ
အရှုံးတွေ ကြုံလာသည့်တိုင်
အို မင်းလေးကို မမုန်းဘူး
ထူးဆန်းတဲ့အချစ်တွေ
အသည်းမှာ စိမ့်ဝင်နေသောအခါ
နှုတ်မရတဲ့ဆူးလို ကိုယ့်ရင် စူးဝင်စိုက်
ရူးမိုက်တဲ့အခုအရွယ်မျိုးမှာ
အချစ်ဆိုတာ ဘဝပါ
အဆိပ်ရှိမှန်းသိနေလည်းကွယ် နမ်းရှိုက်
အဲသလို ကိုယ်ဂရုမစိုက် .. ဟိုး .. နိုး ..
မင်းဘယ်လိုလဲ ပြောစမ်းပါဦး
မင်းဘယ်လိုလဲ ဆုံးဖြတ်ပါ
ကိုယ်တစ်ယောက်တည်း မင်းချစ်စေချင်
တောင်းဆုခြွေတိုင်း ..
မင်းဘယ်လိုလဲ ကိုယ့်ဘက်မပါရင်
ရင်မှာတကယ် မပျော်တတ်သူ
ကံကြမ္မာရယ် ဆိုးလွန်းပါတယ်
လမ်းလျှောက်ကာ လမ်းပျောက်ခဲ့သူ
ဝေးရမှာ တွေးကြောက်နေသူ ...
...............Music...............
နိုင်ခဲ့ရင် ပျော်စရာပေါ့ကွာ
ကျန်ရစ်ခဲ့သူတစ်ယောက်က ငိုမှာ
အရှုံးတွေ ရင်ဆိုင်ရမှာ
ကိုယ်လေတွေးတိုင်း ရင်မောတယ်
လောကထဲချစ်သူနဲ့သာ အမြဲနေချင်ကြတာ
မချစ်ဘဲနဲ့ပေါင်းနေရ စိတ်ဆင်းရဲစရာ
အဲတာဘဝလည်းဆုံး .. ဟိုး .. နိုး ..
မင်းဘယ်လိုလဲ ပြောစမ်းပါဦး
မင်းဘယ်လိုလဲ ဆုံးဖြတ်ပါ
ကိုယ်တစ်ယောက်တည်း မင်းချစ်စေချင်
တောင်းဆုခြွေတိုင်း ..
မင်းဘယ်လိုလဲ ကိုယ့်ဘက်မပါရင်
ရင်မှာတကယ် မပျော်တတ်သူ
ကံကြမ္မာရယ် ဆိုးလွန်းပါတယ်
လမ်းလျှောက်ကာ လမ်းပျောက်ခဲ့သူ
ဝေးရမှာ တွေးကြောက်နေသူ ..
အရူးတစ်ယောက်လိုဖြစ်မယ်
ရှုံးခဲ့ရင် ကိုယ်မင်းကို
သိမ်းပိုက်နိုင် ခဲ့ ရင်
ကမ်းမယ် အချစ်ဆုံးရေ ..
ဟိုး နိုး .. နိုး နိုး
မင်းဘယ်လိုလဲ ပြောစမ်းပါဦး
မင်းဘယ်လိုလဲ ဆုံးဖြတ်ပါ
ကိုယ်တစ်ယောက်တည်း မင်းချစ်စေချင်
တောင်းဆုခြွေတိုင်း ..
မင်းဘယ်လိုလဲ ကိုယ့်ဘက်မပါရင်
ရင်မှာတကယ် မပျော်တတ်သူ
ကံကြမ္မာရယ် ဆိုးလွန်းပါတယ်
လမ်းလျှောက်ကာ လမ်းပျောက်ခဲ့သူ
အကြင်နာဟာ ဘဝနဲ့တူ
ဝေးရမှာ တွေးကြောက်နေသူ
ဝေးရရင် ကိုယ့်စိတ်မှာရူး
ဝေးရမှာတွေးကြောက်နေသူ
မင်းဘယ်လိုလဲ ပြောစမ်းပါဦး
မင်းဘယ်လိုလဲ ဆုံးဖြတ်ပါ...
Daisy'