menu-iconlogo
huatong
huatong
--cover-image

ရွှေပြည်သစ်ခရီး

ခင်မောင်တိုးhuatong
AyeKyaw(UOo)huatong
Letras
Grabaciones
ရွှေပြည်သစ်ခရီး

ခင်မောင်တိုး

ⓛⓝⓣⓡⓞ 0း 17

Uploader Aye Kyaw

⭐ ⭐ ⭐ ⭐ ⭐

🎵  🎶  🥁  🎶  🎵

အတိုင်းအဆမရှိတဲ့

ဟင်းလင်းပြင် မိုးကောင်းကင်

အနားသတ်ကမ်းစပ်ရှိတဲ့

ပင်လယ် သမုဒ္ဒရာရေပြင်

အဝေးကကြည့်လိုက်ရင်

ဆက်စပ် နေသယောင်ထင်

တကယ်ဆိုရင်

ကွဲပြား ခြားနားတဲ့အသွင်

ကွဲပြားခြားနားခြင်းတွေကို အလှဆင်

သာယာရှုမဆုံးတဲ့ပန်းချီ ကားတစ်ချပ်အသွင်

ရေပြင်ကျယ်နဲ့မိုး ကောင်းကင်

အလှမ်းးကွာပေမယ့် တနေရာတွင်

တစ်သားထဲဖြစ်မှုက အထင်အရှားပင်

ဤပုံပမာကဲ့သို့လျှင်

တို့အနာဂါတ်ကို အလှဆင်စေချင်

တစ်ပွင့်ဆီဆိုင် တစ်ခိုင်ဖြစ်သတဲ့လေ

တစ်ခိုင်ဆီယှက် တစ်ခက်ဖြစ်သတဲ့လေ

တစ်ခက်ဆီဝိုင်း တစ်ကိုင်းဖြစ်သတဲ့လေ

တစ်ကိုင်းဆီယှဉ် တစ်ပင်ဖြစ်သတဲ့လေ

တစ်ပင်မှသည် တစ်တောဖြစ်ခဲ့စေ

ဤဥပမာကဲ့သို့လေ

တူညီတာတွေ တစ်ခုချင်းမှလေ

ခိုင်မာသော တူညီမှုနဲ့လေ

ရွှေပြည်သစ်ကို တည်ဆောက်ကြမယ်လေ

ရွှေပြည်သစ်ခရီး မဝေးတော့ပြီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

ညီညာလက်တွဲ လှမ်းတက်ချီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

ရွှေပြည်သစ်ခရီး မဝေးတော့ပြီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

ညီညာလက်တွဲ လှမ်းတက်ချီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

🎷SourceⓜⓤⓢⓘⓒInternet🎷

ရွှေပြည်သစ်ခရီး မဝေးတော့ပြီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

ညီညာလက်တွဲ လှမ်းတက်ချီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

ရွှေပြည်သစ်ခရီး မဝေးတော့ပြီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

ညီညာလက်တွဲ လှမ်းတက်ချီ

မဝေးတော့တဲ့ ရွှေပြည်သစ်ဆီ

⭐ ⭐ ⭐ ⭐ ⭐

🎵  🎶  🥁  🎶  🎵

By👦AyeKyaw🌿greentiger

Más De ခင်မောင်တိုး

Ver todologo