အင်းလျားကိုလွမ်းတယ်
ရေး ကိုလေးလွင်
ဆို ခင်မောင်ထူး
အင်းလျားကန်စောင်းမှာ
အချစ်ရယ် တို့ရယ်လေ
တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ပြုံးပျော်နေ
အတွဲလေးတွေ တို့လေပဲလေ ချစ်စရာတွေ
အင်းလျားအလှ လွမ်းစရာ လွမ်းစရာ
မိုးချုပ်မှ အချစ်အဆောင်လေးဆီ
လှည့်ပြန်လာ
သိပ်ချစ်တဲ့ အချစ်လက်ကလေးကို ဆွဲယူကာ
ညကျရင် လွမ်းရဦးမယ် သိပ်သေချာ
ဒီလို ဒီလို အပြတ် ဆွေးတာ
ဟိုတုန်းက အဖြစ်လေးတွေ
ပြန်လည်ရင်ဝယ် မြင်တယ်အချစ်ရယ်
အခုများတော့ ဘယ်ဝယ်ဘယ်ဆီ
တကယ်ကို ပြန်ကာမတွေ့ ပြီ
လွမ်းရတဲ့ အင်းလျားဘက်ကို ရောက်ချင်တယ်
အင်းလျားလမ်း လမ်းမပေါ်မှာ လျှောက်လာတယ်
ကားလှလှလေးပေါ် အချစ်ကိုလိုက်ရှာတယ်
ကြင်နာသူရယ် နေနိုင်လိုက်တာ
အင်းလျားကန်စောင်းမှာ
အချစ်ရယ် တို့ရယ်လေ
တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ပြုံးပျော်နေ
အတွဲလေးတွေ တို့လေပဲလေ ချစ်စရာတွေ
အင်းလျားအလှ လွမ်းစရာ လွမ်းစရာ
မိုးချုပ်မှ အချစ်အဆောင်လေးဆီ
လှည့်ပြန်လာ
သိပ်ချစ်တဲ့ အချစ်လက်ကလေးကို ဆွဲယူကာ
ညကျရင် လွမ်းရဦးမယ် သိပ်သေချာ
ဒီလို ဒီလို အပြတ်ဆွေးတာ
ဟိုတုန်းက အဖြစ်လေးတွေ
ပြန်လည်ရင်ဝယ် မြင်တယ်အချစ်ရယ်
အခုများတော့ ဘယ်ဝယ်ဘယ်ဆီ
တကယ်ကို ပြန်ကာမတွေ့ ပြီ
လွမ်းရတဲ့ အင်းလျားဘက်ကို ရောက်ချင်တယ်
အင်းလျားလမ်း လမ်းမပေါ်မှာ လျှောက်လာတယ်
ကားလှလှလေးပေါ် အချစ်ကိုလိုက်ရှာတယ်
ကြင်နာသူရယ် နေနိုင်လိုက်တာ
WinOo78