menu-iconlogo
huatong
huatong
avatar

ချစ်ရက်နဲ့ချစ်သူ

ချယ်ရီသင်းhuatong
𝒀𝑬`𝑵𝒂𝒊𝒏𝒈𓅂🌾huatong
Letras
Grabaciones
♥ချစ်ရက်နဲ့ ချစ်သူ♥

တေးဆို ချယ်ရီသင်း

ငါ့နှလုံးသားထဲ အသင့်ရှိနေသူ

ဝင်လာပါလေ မခေါ်ရက်ဘူးးး

လာရာလမ်းလေးအတိုင်း

ပြန်ပါ ချစ်သူ

ငါ့ပုခုံးလေးဘေး မှေးစက်ချင်သူ

ရှောင်ခွာငြိုငြင်မှာ မလိုလားဘူး

မလာချင်စမ်းပါနဲ့

ကိုယ်ဟာ အခြေအနေမဲ့တဲ့ သူ

ဂုဏ်ရှိန်ကင်းမဲ့ ကိုယ့်ဘဝလိုလူ

ပင်ယံထက်က ကိုယ့်အချစ်ဦးးး

မခိုလှုံချင်နဲ့မင်းစိတ်ညစ်မှာချစ်သူ

အရာရာစဉ်းစားဆုံးဖြတ်ပါချစ်သူ

နှလုံးသားနဲ့ဘဝတစ်ထပ်တည်းမကျဘူး

မင်းနားလည်ပါ ထားခဲ့ပါချစ်သူ...

အပေါင်းအသင်းများရဲ့

သွေးထိုးတဲ့စကားလုံးတွေနဲ့

တဦးနဲ့တဦးထားရှိတဲ့ကတိသစ္စာလည်း

စစ်မှန်သောချစ်ချင်း

အရောင်မပြောင်းလဲနိုင်ဘူးး

တစ်ယောက်နဲ့တစ်ယောက်

အသည်းနင့်အောင်ချစ်ခဲ့ကြတော့လဲ

နှလုံးသားရေးမှာ ကံတရား

ကိုယ်ဘက်မပါခဲ့

ပေးခဲ့တဲ့ကတိတွေကိုပြန်သိမ်းမယ်

တစ်သက်စာအတွက်

ချစ်ရက်နဲ့ စွန့်ခွာခဲ့တာ

မမုန်းလိုက်ပါနဲ့ ချစ်သူ...

အရာရာတိုင်းက

မင်းအတွက်ပါချစ်သူ

အခါခါ နာကျင်နေလည်း

ငါဟာ မင်းပျော်ရွှင်ဖို့

တစ်ခုအတွက်နဲ့ ငါ့နှလုံးသားကိုစတေးခဲ့တာပါ

ငါ့ကိုတော့မမုန်းလိုက်ပါနဲ့ ဟာ

ငါ့နှလုံးသားထဲ အသင့်ရှိနေသူ

ဝင်လာပါလေ မခေါ်ရက်ဘူးးး

လာရာလမ်းလေးအတိုင်း

ပြန်ပါ ချစ်သူ

ငါ့ပုခုံးလေးဘေး မှေးစက်ချင်သူ

ရှောင်ခွာငြိုငြင်မှာ မလိုလားဘူး

မလာချင်စမ်းပါနဲ့

ကိုယ်ဟာအခြေအနေမဲ့တဲ့သူ

ဂုဏ်ရှိန်ကင်းမဲ့ ကိုယ့်ဘဝလိုလူ

ပင်ယံထက်က ကိုယ့်အချစ်ဦးးး

မခိုလှုံချင်နဲ့ မင်းစိတ်ညစ်မှာ ချစ်သူ

အရာရာစဉ်းစားဆုံးဖြတ်ပါချစ်သူ

နှလုံးသားနဲ့ဘဝတစ်ထပ်တည်း

မကျဘူး

မင်းနားလည်ပါ ထားခဲ့ပါချစ်သူ...

အပေါင်းအသင်းများရဲ့

သွေးထိုးတဲ့စကားလုံးတွေနဲ့

တဦးနဲ့တဦးထားရှိတဲ့ကတိသစ္စာလည်း

စစ်မှန်သောချစ်ချင်း

အရောင်မပြောင်းလဲနိုင်ဘူး

တစ်ယောက်နဲ့တစ်ယောက်

အသည်းနင့်အောင်ချစ်ခဲ့ကြတော့လဲ

နှလုံးသားရေးမှာ ကံတရား

ကိုယ့်ဘက်မပါခဲ့

ပေးခဲ့တဲ့ကတိတွေကိုပြန်သိမ်းမယ်

တစ်သက်စာအတွက်

ချစ်ရက်နဲ့ စွန့်ခွာခဲ့တာ

မမုန်းလိုက်ပါနဲ့ ချစ်သူ

ချစ်ရက်နဲ့ စွန့်ခွာခဲ့တာ

မမုန်းလိုက်ပါနဲ့ ချစ်သူ...

Más De ချယ်ရီသင်း

Ver todologo