menu-iconlogo
huatong
huatong
avatar

မချစ်ဖူးလို့ပါအချစ်ဦးရယ်

ဂရေဟမ်huatong
"Say_Z"{💉}huatong
Letras
Grabaciones
မချစ်ဖူးလို့ပါအချစ်ဦးရယ်

အချစ်ဆူးစူးလည်းစူးတော့ကွယ်

အရူးအမူးကျေနပ်မိတယ်.....

မချစ်ဖူးလို့ပါ အချစ်ဦးရယ်

တေးရေး .. ညီညီသွင်

တေးဆို .. ဂရေဟမ်

တစ်ခုသောကောင်းကင်ပြာအောက် က

တစ်နေ့သောရက် မြတ်လေးထဲမှာ

ရင်ဆိုင်ဆုံတွေ့ခဲ့တယ်

တဒင်္ဂလှည့်လည်နေကြတဲ့

ကိုယ့်နှလုံးသွေးများရပ်တံ့အောင်

သိပ်လှနေတဲ့အချစ်ရယ်....

မြင်လိုက်ရယံုခဏလေးနဲ့

တစ်သက်လုံးစွဲလမ်းသွားခဲ့တာ

ကိုယ်တိုင်အံ့ဩမိတယ်

ဆံစကနေခြေဖျားထိ

အပြစ်ကင်းလွန်းတဲ့မိန်းကလေးရယ်

အသည်းနင့်အောင်ချစ်မိတယ်..

ရှင်းသန့်ရိုးသားလွန်းတဲ့

ဣန္ဒြေရှင်လေးရယ်

အမှတ်တမဲ့ မင်းရဲ့အကြည့်မှာ

နေစရာနေရာမဲ့..

အရည်ပျော်ကာကျဆုံးခဲ့

တင်းခံနိုင်ဖို့မလွယ်

တုန်ရီရင်ဖို မောပန်းခဲ့တယ်...

ရှုပ်ထွေးလွန်းတယ်ဆိုကြတဲ့

ဘဝအ‌ေရးများလည်းမတွေးမိတယ်

ရင်မှာအချစ်ပဲနားလည်

မချစ်ဖူးလို့ပါအချစ်ဦးရယ်

အချစ်ဆူးစူးလည်းစူးတော့ကွယ်

အရူးအမူးကျေနပ်မိတယ်

...........

ရှင်းသန့်ရိုးသားလွန်းတဲ့

ဣန္ဒြေရှင်လေးရယ်

အမှတ်တမဲ့ မင်းရဲ့အကြည့်မှာ

နေစရာနေရာမဲ့

အရည်ပျော်ကာကျဆုံးခဲ့

တင်းခံနိုင်ဖို့မလွယ်

တုန်ရီရင်ဖို မောပန်းခဲ့တယ်

ရှုပ်ထွေးလွန်းတယ်ဆိုကြတဲ့

ဘဝအရေးများလည်းမတွေးမိတယ်

ရင်မှာအချစ်ပဲနားလည်

မချစ်ဖူးလို့ပါအချစ်ဦးရယ်

အချစ်ဆူးစူးလည်းစူးတော့ကွယ်

အရူးအမူးကျေနပ်မိတယ်

မချစ်ဖူးလို့ပါအချစ်ဦးရယ်

အချစ်ဆူးစူးလည်းစူးတော့ကွယ်...

အရူးအမူး.... ကျေနပ်မိတယ်...

ရွှင်လန်းချမ်းမြေ့ပါစေ...

Say Z

Más De ဂရေဟမ်

Ver todologo