မင်းပဲအနားမှာနေ
ဆို ဂရေဟမ် ရတနာဦး
B လိပ်ပြာတွေ ရစ်ဝဲနေ
ပန်းလေးတစ်ပွင့်လို့ ပါပဲလေ
ချူချင်သူများ ကမ်းလင့်နေ
ယူချင်သူများ လှမ်းလင့်နေ
တိတ်တိတ်ကလေး သူ့စိတ်ထဲမှာ
ဘယ်သူချစ်မလဲ တွေးအဖြေရှာကြည့်နေ
G လိပ်ပြာတွေ ဘယ်လိုဝဲပါစေ
သူ့တစ်ယောက်တည်းပါ အချစ်ဦးရေ
မြင်မြင်လာသမျှ ပန်းကလေးတွေ
ဝေကာမျှပြီး မနမ်းနဲ့လေ
B G ညီတူညီမျှ ထိန်းသိမ်းကြမယ်လေ
တို့နှစ်ယောက်လုံး သစ္စာရှိကြေးလေ
ပန်းတွေဝေလည်း မင်းပဲအနားမှာနေ
လိပ်ပြာဝေလည်း မင်းပဲအနားမှာနေ
ဘယ်သူ့ကိုမှလည်း မချစ်ချင်တော့ဘူး
တို့နှစ်ဦးတည်းသာ နေချင်တယ်လေ
ကြင်နာတတ်သော ရင်ခွင်လေးကို
ဘယ်သူ့မှလည်း မလာစေချင်
လိပ်ပြာကလေး လိပ်ပြာကလေးရေ
မင်းပဲအနားမှာနေ မင်းပဲအနားမှာနေ
မင်းပဲအနားမှာနေ.....
B လိပ်ပြာတွေ ရစ်ဝဲနေ
ပန်းလေးတစ်ပွင့်လို့ ပါပဲလေ
G မြင်မြင်လာသမျှ ပန်းကလေးတွေ
ဝေကာမျှပြီး မနမ်းနဲ့လေ
G B ညီတူညီမျှ ထိန်းသိမ်းကြမယ်လေ
တို့နှစ်ယောက်လုံး သစ္စာရှိကြေးလေ
ပန်းတွေဝေလည်း မင်းပဲအနားမှာနေ
လိပ်ပြာဝေလည်း မင်းပဲအနားမှာနေ
ဘယ်သူ့ကိုမှလည်း မချစ်ချင်တော့ဘူး
တို့နှစ်ဦးတည်းသာ နေချင်တယ်လေ
ကြင်နာတတ်သော ရင်ခွင်လေးကို
ဘယ်သူ့မှလည်း မလာစေချင်
လိပ်ပြာကလေး လိပ်ပြာကလေးရေ
မင်းပဲအနားမှာနေ မင်းပဲအနားမှာနေ
မင်းပဲအနားမှာနေ.....
မင်းပဲအနားမှာနေ မင်းပဲအနားမှာနေ
မင်းပဲအနားမှာနေ.....
မင်းပဲအနားမှာနေ မင်းပဲအနားမှာနေ
မင်းပဲအနားမှာနေ.....