သီချင်း - မင်းအကြောင်းအိပ်မက်
တေးဆို - စည်သူလွင် + Lလွန်းဝါ
မျက်လုံးများဖွင့်လို့ထားလည်း
အမြင်အာရုံထဲမင်းပဲ ကိုယ်မြင်နေတယ်
ရင်မှာထာဝစဉ်သာမင်းက
နေရာယူထားခဲ့ပေါ့ ဘဝကိုပိုင်စိုးထား
နှလုံးသားထဲမှာ
တစ်စုံတစ်ရာခံစားခဲ့ရတော့
ဝမ်းနည်းလို့လာတယ်
နာကျင်စွာ ရင်မှာကိုယ်ကြေကွဲ...
အိပ်မက်ထဲ ရင်ခုန်ဆဲ
ကြင်နာသူလေးရှိတဲ့အချိန်
ဘယ်သူတွေများ
မင်းအိပ်မက်ထဲ ဝင်နေလဲကွာ
ကိုယ့်အတွေးတွေမှာလည်း
ကြင်နာသူလေး စိုးမိုးချိန်
ဘယ်သူတွေများ မင်းနှလုံးသားထဲ
စိုးမိုးလို့ ထားပြီလဲ...
အချစ်ဆုံး မင်းအနားရှိခဲ့ရင်
ကိုယ်လေရင်ထဲတိုးဝှေ့ ငိုချင်နေတယ်
ရင်မှာခိုလှုံခဲ့ဖူးတဲ့ သူ့အကြင်နာတွေနဲ့
နှစ်သိမ့်ခဲ့ရင် ဖြေသာမယ်
နှလုံးသားထဲမှာ
တစ်စုံတစ်ရာခံစားခဲ့ရတော့
ဝမ်းနည်းလို့လာတယ်
နာကျင်စွာ ရင်မှာကိုယ်ကြေကွဲ...
အိပ်မက်ထဲ ရင်ခုန်ဆဲ
ကြင်နာသူလေးရှိတဲ့အချိန်
ဘယ်သူတွေများ
မင်းအိပ်မက်ထဲဝင်နေလဲကွာ
ကိုယ့်အတွေးတွေမှာလည်း
ကြင်နာသူလေး စိုးမိုးချိန်
ဘယ်သူတွေများ မင်းနှလုံးသားထဲ
စိုးမိုးလို့ ထားပြီလဲ...
နှလုံးသားထဲမှာ
တစ်စုံတစ်ရာခံစားခဲ့ရတော့
ဝမ်းနည်းလို့လာတယ်
နာကျင်စွာ ရင်မှာကိုယ်ကြေကွဲ...
အိပ်မက်ထဲ ရင်ခုန်ဆဲ
ကြင်နာသူလေးရှိတဲ့အချိန်
ဘယ်သူတွေများ
မင်းအိပ်မက်ထဲ ဝင်နေလဲကွာ
ကိုယ့်အတွေးတွေမှာလည်း
ကြင်နာသူလေး စိုးမိုးချိန်
ဘယ်သူတွေများ မင်းနှလုံးသားထဲ
စိုးမိုးလို့ ထားပြီလဲ...