ပိတောက်လမ်း
ရေး/ဆို..စန္ဒယား ချစ်ဆွေ
.....Intro.....
.....Go....
အို.........အို
ကိုယ်တစ်ယောက်တည်း
ပိတောက်လမ်း.....ဝယ်
လျှောက်စမ်းချင်ပါ တယ်
တလွင့်လွင့်....ကြွေ
ပန်းခြွေခြွေရွှေရည် လျှမ်းပေတယ်
စမ်း ရေကျသံ
သာမောဖွယ်
တီးတိုးရယ်သံ
ကိုယ့်ကိုလှောင်လေသလား..ကွယ်
.........
ထုံသင်းကြိုင်လှောက်
ရွှေပိတောက်...
ချိုကြည်ကြည်ရယ်...
ငိုရယ်...ငိုရယ်...စသလား
ကိုယ့်အပါးထံ
လွင့်လွင့်ပျံတယ်
အတိတ်ရယ် ဇာတ်ကြောင်း...
ပြန်ပြောင်း မပြောလိုပါဘူးကွယ်
ချစ်သူချင်းဆုံ...
ပန်းရဂုံအလယ်.....
ချစ်သူခွာပြေး...
ဟို...အဝေးးးးးနယ်......
Solo..music
......Go...
တလွင့်လွင့်....ကြွေ....
ပန်းခြွေခြွေရွှေရည် လျှမ်းပေတယ်..
စမ်းရေကျသံ...
သာမောဖွယ်...
တီးတိုးရယ်သံ...
ကိုယ့်ကိုလှောင်လေသလား..ကွယ်
........
ထုံ သင်းကြိုင် လှောက်...
ရွှေပိတောက်...
ချိုကြည်ကြည်ရယ်...
ငိုရယ်..ငိုရယ်....စသလား...
ကိုယ့်အပါးထံလွင့်လွင့်ပျံတယ်
အတိတ်ရယ် ဇာတ်ကြောင်း
ပြန်ပြောင်းမပြောလိုပါဘူးကွယ်
ချစ်သူချင်းဆုံ
ပန်းရဂုံအလယ်
ချစ်သူခွာပြေး
ဟို အဝေးးးးနယ်.....
.......
သြော်..လတန်ခူးပေမို့..
မြအဖူးတွေ...သစ်သစ်ဝေတယ်..
အချစ်ရေ အချစ်ရေ လို့...
ကိုယ်ကခေါ်
ခေါ်ပေမယ့်လည်း...
မင်းကတော့ မကြားပါဘူးကွယ်...
အချစ်ပဲ့တင်သံ...
ရိုက်ခတ်ပြန်လေတော့...
ပင်ယံထက်ဆီ က
ငှက်မြည်သံ ပေး...တယ်....
အဝေး..အဝေး....အဝေး တဲ့..
အတွေးနယ်ကျယ်
အဆွေးနယ်ဝယ်
အဆွေးသည် ကိုယ်တစ်ယောက်တည်းပါကွယ်
ဘဝခရီး..တစ်စမနီး
ဘဝခရီး...ဆက်ပြီး
နှင် ရ ပေ ဦးမယ်
အို...ကိုယ်တစ်ယောက်တည်း
ပိတောက်လမ်း ဝယ်
လျှောက် စမ်း ချင်ပါ တယ်
MinKhent