menu-iconlogo
huatong
huatong
avatar

နေရာတိုင်းမှာ

စိုင်းထီးဆိုင်huatong
ayekyaw🙇[အူအူး]huatong
Letras
Grabaciones
နေရာတိုင်းမှာ

စိုင်းထီးဆိုင်

အိုး...အိုးဟို...အိုး...အိုးဟို...အိုး..

ရောင်နီကိုကြိုလင့်တဲ့ ပန်းကလေးတွေ

အချစ်ဆုံးရဲ့ အနံ့အသက်ကိုယူခဲ့ပြီ

နေ၀င်ချိန် အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့ သတင်းစကားကိုဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့မနက်ခင်းမှာ

အချစ်ဆုံးရဲ့ အနွေးဓာတ်ကိုပြန်ရပြီ

လေပြည်ကလေး ဆော့ကစားတဲ့ညချမ်းမှာ

အချစ်ဆုံးရဲ့ အထိအတွေ့ကိုပြန်ရပြီ

ဘယ်ဆီကိုရောက်လို့လေ

ဘယ်လောက်ပဲဝေးရလည်း ဘယ်တော့မှ

အထီးကျန် မဆန်ခဲ့...

ရင်ထဲကတမ်းတလိုက်ရုံကလေးနဲ့

ကိုယ့်ဘ၀ရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့

အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှ မရှိတော့တာမသိဘူးရယ်...

ဘယ်ဆီကိုရောက်လို့လေ

ဘယ်လောက်ပဲဝေးရလည်း ဘယ်တော့မှ

အထီးကျန် မဆန်ခဲ့...

ရင်ထဲကတမ်းတလိုက်ရုံလေးနဲ့

ကိုယ့်ဘ၀ရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့

အကုန်ဝိုင်းပြီး သနားကြသတဲ့

အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ

ဘာတစ်ခုမှ မရှိတော့တာမသိဘူးရယ်...

အိုး...အိုးဟို...အိုး...အိုးဟို...အိုး..

ရောင်နီကို ကြိုလင့်တဲ့ပန်းကလေးတွေ

အချစ်ဆုံးရဲ့ အနံ့အသက်ကိုယူခဲ့ပြီ

နေ၀င်ချိန် အိပ်တန်းတက်ငှက်ကလေးတွေ

အချစ်ဆုံးရဲ့ သတင်းစကားကိုဆောင်ခဲ့ပြီ..

Más De စိုင်းထီးဆိုင်

Ver todologo