menu-iconlogo
huatong
huatong
avatar

ကမ်းလင့်ခြင်း Kann Lint Chin

စိုးလွင်လွင် Soe Lwin Lwin/စိုးလွင်လွင်huatong
shelmer09huatong
Letras
Grabaciones
“ ကမ်းလင့်ခြင်း

တေးရေး ညီညီသွင်

တေးဆို စိုးလွင်လွင်

တို့ရှိရာကို ပြန်လာခဲ့ပါ

အလှိုက်လှဲဆုံးကမ်းလင့် ဆီးကြိုမယ်

ဝေးခဲ့ရနေ့ရက်တွေ လွမ်းလှပြီ

ပြန်လာပါတော့ ငှက်ငယ်ရေ

မှေးစက်ခိုဝင် ရင်ခွင်တိုင်းမှာ

လစ်လပ်မှုတစ်ခုခု ရှိနေတယ်

အမှန်းခက်တဲ့မင်း သဘောကိုကျွမ်းတဲ့သူ

အရင်နေရာက စောင့်နေမယ်

ဒေသန္တရအဟောင်းလေး တစ်ခုကိုပြန်လာ

အတောင်ပံတွေ ညောင်းကျိုးမသွားခင်

ပြန်လာခဲ့ပါ

ဝမ်းအသာဆုံး ကမ်းလင့်ဆီးကြိုမယ်

ပြန်လာပါတော့ ငှက်ငယ်မလေးရေ

ပြန်လာပါတော့ ငှက်ငယ်ရေ

အတားအဆီးတွေကို အတူကျော်ဖြတ်မယ်

ပုခုံးထက်၌မှေးပြီး လိုက်ပါကွယ်

မောပန်းသမျှ အတိုးချကာနားရအောင်

ကြင်နာစွာ ဖေးမနေမယ်

မှေးစက်ခိုဝင် ရင်ခွင်တိုင်းမှာ

လစ်လပ်မှုတစ်ခုခု ရှိနေတယ်

အမှန်းခက်တဲ့မင်း သဘောကိုကျွမ်းတဲ့သူ

အရင်နေရာက စောင့်နေမယ်

ဒေသန္တရအဟောင်းလေး တစ်ခုကိုပြန်လာ

အတောင်ပံတွေ ညောင်းကျိုးမသွားခင်

ပြန်လာခဲ့ပါ

ဝမ်းအသာဆုံး ကမ်းလင့်ဆီးကြိုမယ်

ပြန်လာပါတော့ ငှက်ငယ်မလေးရေ

ပြန်လာပါတော့ ငှက်ငယ်ရေ

ပြန်လာပါတော့ ငှက်ငယ်မလေးရေ

ပြန်လာပါတော့ ငှက်ငယ်ရေ

Thank You

38th upload, by

Más De စိုးလွင်လွင် Soe Lwin Lwin/စိုးလွင်လွင်

Ver todologo